အခန်း(၅၈၉)

23 1 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၃)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၅၈၉) : သေမျိုးနှင့် မသေမျိုးချီ

ထုံရို့ပင်းနှင့် ရှီရှန်းယန်တို့က တိုက်ပွဲအတွက် မျှော်နန်းဆောင်အတွင်း ဝင်ရောက်သွားကြသည်။ ပြိုင်ပွဲဝင်များ၏ အလယ်တွင် ပိတ်ကားချပ်တစ်ခု ပေါ်ထွက်လာပြီး အရာအားလုံးကို ပြသထား၏။

ထိုလူနှစ်ဦးက တောင်နှင့် တောအုပ်များ အဝေးတွင် ရှိသည့် လွင်ပြင်ကျယ်တစ်ခုတွင် ဝဲပျံနေသည်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် အိမ်များမရှိသလို သက်ရှိများလည်း မရှိဘဲ အဆုံးမဲ့အစိမ်းရောင်သာ ရှိသည်။

သူတို့က တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်လိုက်ပြီးသည့်နောက် သူတို့၏ အရှိန်အဝါနှင့် အဟုန်ကို စုစည်းလိုက်ကြသည်။ ထို့နောက် ရှီရှန်းယန်က စတင်တိုက်ခိုက်လိုက်၏။ သူမက လက်ကိုဝှေ့လိုက်ပြီးသည့်နောက်တွင် ဧရာမဂလက်ဆီသန်းပေါင်းများစွာကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် သူမက တစ်ဖက်သူအပေါ် ကျရောက်စေလိုက်သည်။

ဒီတိုက်ကွက်က...

ထုံရို့ပင်းက တွေးလိုက်သည်။

ငါ ဘယ်စည်းမျဉ်းမှ မခံစားမိဘူး။ ဒါက သန့်စင်တဲ့ စွမ်းအားသက်သက်ပဲ။ ဒါက ကြယ်တာရာချီများလား...

ထုံရို့ပင်းက ကျဆင်းလာသည့် ဂလက်ဆီကို လက်ညှိုးထိုးလိုက်ပြီးနောက် အမှုန့်ဖြစ်တည်ရေးအဆောင်ကို အသုံးပြုလိုက်သည်။ သူမ၏ အဆောင်က ဤကမ္ဘာ၏ စည်းမျဉ်းနှင့် ပဲ့တင်ထပ်မှုဖြစ်လာကာ တိုက်ကွက်ကို ချေမှုန်းဖို့ ကြိုးစားလိုက်ပြီးသည့်နောက် မူလချီပုံစံ ပြန်ပြောင်းလိုက်သည်။

ကံဆိုးစွာဖြင့် သူမက ကျရှုံးသွား၏။

ထို့ကြောင့် ထုံရို့ပင်းက မျက်မှောင်ကြုတ်ကာ နောက်ထပ် အဆောင်တစ်ခုကို အလျင်အမြန် ထုတ်သုံးလိုက်ရသည်။

ဝါးမျိုရေးအဆောင်

ထုံရို့ပင်းရှေ့တွင် သေးငယ်သည့် သင်္ကေတတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် ထိုအရာက စက္ကန့်ပိုင်းအတွင်း ဂလက်ဆီအကုန်လုံးကို ဝါးမျိုသွား၏။ သို့သော်လည်း သူမက အန္တရာယ်မှ ကင်းလွတ်သေးဟန်မပေါ်ပေ။ သူမက ဂလက်ဆီများကို ဖြေရှင်းပြီးသည်နှင့် သူမ၏ ပတ်ဝန်းကျင်က ပြောင်းလဲသွားကြောင်း ခံစားမိလိုက်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIOù les histoires vivent. Découvrez maintenant