အခန်း(၅၂၆)

39 3 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၃၈)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၅၂၆) : သဘောတူတယ်

ဖန်းလီကျွမ်းက မှော်အစီအရင်ရှိသည့် အခန်းအတွင်း မတ်တပ်ရပ်နေသည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ပုံရိပ်ယောင်တချို့ အခန်းအတွင်း ပေါ်ထွက်လာကြ၏။

" ကျွန်မရဲ့ ဖိတ်ကြားချက်ကို လက်ခံလိုက်လို့ တော်သေးတာပေါ့" သူမက ပြောလိုက်သည်။

" မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ကွေ့ပတ်မနေနဲ့" ဟွမ်ယွမ်က ပြောလိုက်သည်။

" ရှင်တို့တွေက ဉာဏ်ကောင်းပြီးသားဆိုတော့ ကျွန်မရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းမိမှာပါ။ မဟာမိတ်ဖွဲ့ဖို့ပဲ" ဖန်းလီကျွမ်းက ပြောလိုက်သည်။

" လက်ရှိ ဒီ ၆ယောက်က အရမ်းကို အားကောင်းလွန်းတယ်။ အထူးသဖြင့် ဝမ်ဝေ့ပဲ။ သူတို့က ကောင်းကင်အလိုဆန္ဒတိုက်ပွဲ မတိုင်ခင်အထိ ကျန်ရှိနေလောက်တယ်။ အဲဒါကြောင့် ကျွန်မတို့ အချင်းအချင်း မတိုက်ခင် သူတို့ကို ရှင်းထုတ်ပစ်တာ အကောင်းဆုံးလို့ ထင်တယ်"

" အင်း ငါက အဲဒီလူတွေကို အနိုင်ယူဖို့ တခြားလူတွေကို မလိုဘူး"

" အဲလိုလား။ ခင်ဗျားက တားမြစ်ခံတာအိုပါတဲ့ ပင်ကိုရတနာ ရှိတာကို အကောင်ကြီးကြီး ဖြစ်ပြီလို့ ထင်နေတာလား" စွင်းကျောင်းလုံက ပြောလိုက်သည် " အဲ့စာအုပ် မရှိဘဲ ခင်ဗျားက အသုံးမဝင်ဘူး"

" မင်း ပြောလို့ပြီးပြီလား။ မင်းကသာ ဓားမရှိဘဲ ကောင်းကင်ရွေးချယ်ခံလို့ ခေါ်ခံရဖို့ ထိုက်တန်လို့လား" ဟွမ်ယွမ်က ပြန်လည်ချေပလိုက်၏ " မင်းက လျှို့ဝှက်နယ်မြေတောင် မရောက်လာရဲဘူး။ မင်းက ကြောက်လွန်းနေတာပဲ နေမယ်"

စွင်းကျောင်းလုံက နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှပြန်မပြောပေ။ ထိုလျှို့ဝှက်နယ်မြေအတွင်း မပါဝင်ဖို့ရာက တွက်ချက်ထားသည့် အပြုအမှုတစ်ခုသာ ဖြစ်၏။ သူက ထိုအမွေအနှစ် ရယူနိုင်ချေ အခွင့်အရေးက နည်းပါးကြောင်း သိထားလေသည်။ အကယ်၍ သူ အောင်မြင်ခဲ့လျှင်ပင် သူ့အနေနှင့် သိမ်းဆည်းထားနိုင်မည် မဟုတ်ပေ။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWo Geschichten leben. Entdecke jetzt