အခန်း(၅၆၅)

49 4 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၁)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၅၆၅) : လီထိုက်ရွှမ်း၏ ကံကြမ္မာ

" အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်ရဲ့ ဇာတ်ကြောင်းကလည်း နည်းနည်းတော့ ရှုပ်ထွေးတယ်" ဝူဟုန်က ပြောလိုက်သည် " အရင်ဦးဆုံး သူက ဒိုင်မေးရှင်းအမြင့်ကပဲ။ သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာရှိတဲ့ ထိုက်ယီနက်နဲမုခ်ကနေ ပြုစုပျိုးထောင်ပေးထားတဲ့ ကောင်းကင်ရွေးချယ်ခံတစ်ယောက်ပေါ့"

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ " အဲဒါဆိုတော့ ဗုဒ္ဓဘာသာနဲ့ ယုံကြည်မှုနဲ့ သက်ဆိုင်တဲ့ အရာအားလုံးကို မုန်းတီးမှုလွန်ကဲနေတဲ့ အကြောင်းကို ရှင်းပြပြီးသား ဖြစ်သွားပြီ"

" ရှင် ထင်ထားတာထက်တောင် ပိုမှန်နေသေးတယ်" ဝူဟုန်က ပြောလိုက်သည်။

" အဲဒါဆိုတော့ လျှို့ဝှက်ချက်တချို့ရှိနေတဲ့ပုံပဲ"

ဝူဟုန်က ခေါင်းညိတ်လိုက်ပြီးနောက် အတွေးများကို စုစည်းကာ ပြောလိုက်သည် " လီထိုက်ရွှမ်းရဲ့ ဇာတ်ကြောင်းကို နားလည်ဖို့ဆိုရင် သူ့အဖေဖြစ်တဲ့ လီပေါ် ဇာတ်ကြောင်းကို နားလည်ရမယ်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာကြားက တိုက်ပွဲက ဟိုးကတည်းက တည်ရှိခဲ့တဲ့အရာပဲ။ ခေတ်ကာလများစွာ ကြာတဲ့အတိုင်း တာအိုဘာသာက အမြဲလိုလို အရေးသာခဲ့တယ်။ အဲဒါက မေတ္တယျမာတာဗုဒ္ဓ မရောက်ရှိခင် အချိန်အထိပေါ့...

သူမက ဗုဒ္ဓဘာသာရဲ့ အတွေးအခေါ်တွေကို ပြန်လည်အသက်သွင်းပြီးတော့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ ယုံကြည်မှုသဘောတရားကို ဖန်တီးခဲ့တယ်။ သူမကို ဗုဒ္ဓဘာသာဦးဆောင်သူ တစ်ယောက်အနေနဲ့ သတ်မှတ်ထားကြပြီး သူတို့က တာအိုဘာသာကို လွှမ်းမိုးသွားပြီးတော့ အားအကောင်းဆုံးဘာသာတစ်ခု ဖြစ်လာခဲ့တယ်။

ဒါပေမဲ့လည်း အတက်ရှိရင် အကျဆိုတာလည်း ရှိတာပဲ။ တာအိုဘာသာလိုပေါ့။ နှစ်ကာလအများကြီးကြာပြီးတဲ့နောက်မှာ ဗုဒ္ဓဘာသာရဲ့ ကံကောင်းမှုက အထွတ်အထိပ်ကို ရောက်ရှိလာပြီးတဲ့နောက် သူတို့က စတင်ကျဆင်းလာပြီးတော့ တာအိုဘာသာက ပြန်လည်မြင့်တက်လာတယ်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now