အခန်း(၄၂၈)

70 5 0
                                    


အခန်း (၄၂၈) : အနာဂတ်

ဝမ်ဝေ့က ယခု ထိုအရာများအပေါ် ဖော်ထုတ်နိုင်ခြင်း မရှိမည်ကို စိုးရိမ်ခြင်းမရှိပေ။ အကြောင်းအရင်းမှာ ကောင်းကင်သွေဖယ်နေသည့် သူ့ပါရမီကြောင့်သာမက သူ့အတွင်းအင်္ဂါများကို အတွင်းအားများအတွင်း စုပ်ယူထားသည့် ကံကြမ္မာဆေးကြောရေး ပင်ကိုပစ္စည်းကြောင့်လည်း ဖြစ်၏။

ထိုအထဲမှ ပင်ကိုစည်းမျဉ်းကို ခံစားမိခြင်းက သူ့အတွက် ကံကြမ္မာတာအိုကို နားလည်ဖို့ ပိုမိုအသုံးတည့်လာစေသည်။ ဤသည်က သူ့အနေနှင့် လပိုင်းလေးအတွင်း ခန္ဓာကိုယ်အတွင်းမှ ကံအပြစ်ကြွေးကို ဖယ်ရှားနိုင်သည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်၏။

အချိန်တာအိုအတွက်မူ သူက တိထျန်းနှင့် တိုက်ပွဲကို အသုံးချကာ နားလည်ဖို့ အသုံးပြုနိုင်ပြီး ဂိုဏ်းရှိ အချိန်အစီအရင်ကိုလည်း အသုံးပြုနိုင်သည်။

ထိုအရာကို တွေးလိုက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အား အမှားအယွင်း မရှိအောင် ပြန်လည်စစ်ဆေးလိုက်သည်။ သို့သော်လည်း သူ့အလိုလိုအသိစိတ်က ကိစ္စများသည် ထိုမျှမရိုးရှင်းကြောင်း ရှင်းပြနေလေ၏။

တိထျန်းက သူ့အနေနှင့် ကံအပြစ်ကြွေးကို ဖယ်ရှားနိုင်လိမ့်မည်ဟု တွက်ချက်ထားနိုင်လောက်သည်။ ပြောရလျှင် အနည်းဆုံးတော့ ဂိုဏ်းက ထိုအရာကို ဖြေရှင်းဖို့ နည်းလမ်းတချို့ရှိလိမ့်မည်။

ထိုလူ၏ အသိဉာဏ်အရ ထိုအရာကို မမြင်ဘဲနေဖို့ မဖြစ်နိုင်ပေ။

ဒီလိုဆိုရင် ကံအပြစ်ကြွေးက နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိနေသေးတာလား။ အဲဒါက ဘာများလဲ

ထိုအရာကို တွေ့ရှိပြီးသည့်နောက်တွင် ဝမ်ဝေ့က တိထျန်း၏ အပြုအမူများနှင့် ပတ်သက်ပြီး အကျိုးအကြောင်း ကောက်ချက်ချဖို့ လုပ်ဆောင်လိုက်သည်။ သို့သော်လည်း သူက ဘာမှမသိခဲ့ရပေ။ ထို့နောက် သူက ကံကြမ္မာစွမ်းအားကို အသုံးပြုကာ ကောက်ချက်ချဖို့ လုပ်လိုက်စဉ် ရလဒ်က အတူတူဖြစ်နေ၏။

သူက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏ " အကွက်ကျကျ စီစဉ်ခံရတာက တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် အခု သူ့ကို ပိတ်ထားတာဆိုတော့ စောင့်ကြည့်ရမှာပဲ။ ငါ သတင်းအချက်အလက် နည်းနည်းရတာနဲ့ အခြေအနေလိုက်ပြီး လှုပ်ရှားရမယ်"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now