အခန်း(၅၅၃)

23 2 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၀)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၅၅၃) : မူလအဆောင်

"သူ့တကယ် တာအိုအစစ်အမှန်က ဖန်ဆင်းခြင်းပဲ။ သူက ရှုရှစ်ကို အနိုင်ယူဖို့ ပျက်သုန်းခြင်းဓားကို ဖန်ဆင်းခဲ့တာ..."

"အဲဆိုတော့ သူက အစ်ကိုကြီးလိုမျိုး တာအိုနယ်ရှင်ပေါ့..."

" ထူးဆန်းတယ်။ အဲလိုလည်း မဟုတ်ဘူး။ သူ့ဆီကနေ တာအိုနယ်ရှင်တစ်ယောက်ရဲ့ အငွေ့အသက်ကို မခံစားမိဘူး။"

" အဲဆိုတော့ သူက စမ်းသပ်မှုကို ကျရှုံးသွားပြီးတော့ သူ့တာအိုကို အားနည်းစေတဲ့ နည်းလမ်းတစ်ချို့ကို သုံးထားတာ များလား..."

ဝမ်ဝေ့၏ မျက်ဝန်းအထက် ကံကြမ္မာစွမ်းအားတချို့ ဖျက်ပြေးသွားလေသည်။

" ကြည့်ရတာ သူက ဒီစစ်ဆေးမှုကို ဖြေစရာ မလိုတဲ့ပုံပဲ..."

" အဲဆိုရင် ကျွန်တော်တို့ သိထားသလောက် တားမြစ်ခံတာအိုတွေနဲ့ ပတ်သက်ရင် အဓိပ္ပာယ်မရှိဘူး မဟုတ်လား။ အထူးသဖြင့် အထွတ်အထိပ် တားမြစ်ခံတစ်ယောက်ပေါ့။"

လီကျွင်းက ပြောလိုက်သည်။

" ငါလည်း အဲဒါကို သိတယ်။ ဒါပေမဲ့ စမ်းသပ်မှု ဖြေဆိုထားတဲ့ အရှိန်အဝါကို မခံစားမိဘူး။ အဲဒါကြောင့် အခြေအနေက သုံးခု ဖြစ်နေနိုင်တယ်။ သူက အရှိန်အဝါကို ရှင်းထုတ်လိုက်တာမျိုး၊ ဒါမှမဟုတ် ငါ မခံစားမိတာမျိုး၊ ဒါမှမဟုတ်ဘူးဆိုရင်တော့... သူ့မိဘတွေက အထွတ်အထိပ်တားမြစ်ခံတာအိုကို ဘာစစ်ဆေးမှုမှ မလိုဘဲ အသုံးပြုနိုင်တဲ့ နည်းလမ်း တွေ့ထားတဲ့ပုံပဲ။"

"ဒါပေမဲ့ အဲလိုအရာက ဖြစ်နိုင်လို့လား။"

"ငါလည်း မသိဘူး။"

ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

" တကယ်လို့ ရှိနေမယ် ဆိုရင် အတုအယောင် ထာဝရဧကရာဇ်ဆိုရင်တောင် တန်ကြေးကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်..."

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now