အခန်း(၄၆၅)

47 3 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၃၄)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၄၆၅) : ကံကြမ္မာခြယ်လှယ်ခြင်း

လင်းဖန်က မရဏအစားထိုးအဆောင်ကို ထုတ်ကာ အသက်သွင်းလိုက်သည်။ သို့သော်လည်း သူ ကြည့်လိုက်သည်နှင့် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်သည်။ ထိုအရာက အလုပ်ဖြစ်ဟန် မပေါ်ပေ။ သူက မူလအဆီအနှစ် မည်မျှထည့်သွင်းစေကာမူ၊ မည်မျှစစ်ဆေးကြည့်စေကာမူ အသုံးမဝင်ပေ။

ခေတ္တမျှကြာမြင့်ပြီးသည့်နောက်တွင် လင်းဖန်က စိတ်ပျက်သွားသော်လည်း အလျင်အမြန် ထိန်းချုပ်လိုက်သည်။ သူက အသက်ရှင်သန်ဖို့ရာအတွက် တည်ငြိမ်နေရမည် ဖြစ်ကြောင်း သိလေသည်။ အကြောင်းမှာ သူသည် သေမင်းနှုတ်ခမ်းဝသို့ ရောက်သည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။

ထို့နောက် သူက လက်ရှိအခြေအနေကို မည်သို့ဖြေရှင်းရမည့်အပေါ် အာရုံစိုက်ထားလိုက်သည်။ သူက ခန္ဓာကိုယ်ပျက်စီးခြင်းအား တားဆီးဖို့ အချိန်စည်းမျဉ်းကို အသုံးပြုပြီး သေခြင်းတရားနှင့် ရင်ဆိုင်ဖို့ မရဏစည်းမျဉ်းကို အသုံးပြုခဲ့သည်။

ကံဆိုးစွာဖြင့် လင်းဖန်သည် ထိုနည်းလမ်းက သူ့အား မိနစ်ပိုင်းမျှသာ အချိန်ပိုဆွဲပေးနိုင်ကြောင်း သဘောပေါက်သွားသည်။ ကံကောင်းစွာဖြင့် သူ့အတွက် လုံလောက်သည်ထက် ပိုနေလေသည်။ သူက ထိုသေခြင်းရှင်ခြင်း အချိန်အတွင်း ကျိန်စာစွမ်းအားကို နားလည်ပြီး ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့သည်။

ရှုရှစ်အတွက်မူ သူမက ငိုယိုရင်း မူလအဆီအနှစ်ကို သူ့ခန္ဓာကိုယ်အတွင်း ထည့်ပေးကာ ကူညီပေးနေလေ၏။ သူမက ကူညီဖို့ရာ မဆိုထားနှင့် ထိုကျိန်စာကို အာရုံပင် မခံမိပေ။

ထိုနှစ်ဦးသားက သူတို့ပြဿနာသူတို့ ရင်ဆိုင်နေကြစဉ် လွင့်စင်သွားသည့် စုယာက ရုတ်ချည်းဆိုသလို မျက်လုံးပွင့်လာသည်။ သူမက သူမ၏ စိတ်အတွင်း မှတ်ဉာဏ်များစွာ ဝင်ရောက်လာသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now