အခန်း(၅၄၉)

26 1 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၀)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၅၄၉) : အစွမ်းထိန်းချုပ်ရေး ပညာရပ်

ဝမ်ဝေ့က သူ့စံအိမ်အတွင်း ဝင်ရောက်ပြီးသည့်နောက်တွင် လီကျွင်းက သူ့အား စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။

" ဘာကိစ္စလဲ"

" ဒီစာမေးပွဲ၂ ခုက မျှတရဲ့လားလို့ စဉ်းစားနေတာ"

ဝမ်ဝေ့က သူ့အား ခြုံငုံကြည့်လိုက်ပြီးနောက် " ဒီစစ်ဆေးမှုရဲ့ ဆုလာဘ်နဲ့ဆိုရင် မင်းက အဆင့်တစ်ရာနဲ့အထက်တော့ ရောက်မှာပဲ။ ဝိညာဉ်စစ်ဆေးမှုနဲ့ ပတ်သက်ပြီးတော့ ကြည့်ရအောင်"

သူက လက်မြှောက်လိုက်ပြီးနောက် လေးထောင့်သဏ္ဌာန် ရှုပ်ထွေးသည့်ပုံစံဖြင့် တည်ဆောက်ထားသည့် သင်္ကေတများ ထွက်ပေါ်လာသည် " မင်းရဲ့ စိတ်စွမ်းအားကို ဒီထဲ ထည့်သွင်းလိုက်"

လီကျွင်းက သူ့စကားအတိုင်း လိုက်လုပ်လိုက်သည်။

" မင်းက အဆင့်မြင့် ရွှေအရည်အသွေး ဝိညာဉ် ရှိတာပဲ။ ပြီးတော့ သတ်ဖြတ်ရေးဘက်ကို သန္ဓေပြောင်းမှု ဖြစ်နေတယ်"

" ဒီရလဒ်က အဓိပ္ပာယ်တော့ ရှိသား။ အထူးသဖြင့် သတ်ဖြတ်ရေး သန္ဓေပြောင်းမှုနဲ့ ပတ်သက်ရင်ပေါ့" လီကျွင်းက အနည်းငယ် စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။ ယခင်နှစ်ထောင်ပိုင်းအတွင်း သူက သူ့ဝိညာဉ်ကို ဝမ်ဝေ့၏ နည်းလမ်းအတိုင်း သတ်ဖြတ်ရေးအငွေ့အသက်၏ အမှုန်များဖြင့် ခွဲထုတ်ကာ တုယီနယ်ပယ်ထဲ ဝင်ရောက်ဖို့ ကြိုးစားနေခဲ့သည်။

ကံဆိုးစွာဖြင့် သူက အကြံကောင်းရှိထားသော်လည်း ပါရမီ ကန့်သတ်ချက်ရှိကာ ကျရှုံးနေရသည်။ မည်သူကမှ သူ့အား ကူညီမပေးနိုင်သည့်အတွက် မည်သူကမှလည်း ဘာမှလုပ်မပေးနိုင်ကြပေ။ မဟုတ်ပါက အကယ်၍ သူက အကူအညီသုံး၍ အောင်မြင်သွားလျှင်ပင် တုယီနယ်ပယ်သို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

ကံကောင်းစွာဖြင့် အကြိမ်များစွာ ကြိုးစားပြီးသည့်နောက်တွင် သူ့ဝိညာဉ်က သန္ဓေပြောင်းလာပြီး ယခုအခါ သတ်ဖြတ်ရေးဂုဏ်သတ္တိတချို့ ရှိနေကာ ပိုမိုအားကောင်းစေခဲ့သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now