အခန်း(၅၇၂)

81 6 2
                                    


အခန်း (၅၇၂) : သက်တော်ရှည် အရင်းအမြစ်များ

ရှီရှန်းယန်က ထိုလူများ၏ မျက်နှာအထက် တုန်လှုပ်နေသည့်အမူအရာကို ကြည့်ကာ သူမ၏ ခေါင်းကို အသာယမ်းလိုက်သည်။ အာကာသမျိုးနွယ်က အတိုင်းထက်လွန်အားကောင်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းတော့ ထိုသို့မဟုတ်ပေ။

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၌ အင်အားစုတစ်ခုတွင် ရှိသည့် မဟာဧကရာဇ်အရေအတွက်က အရေးမကြီးပေ။ အင်အားစုတစ်ခု၏ အာဏာကို ညွှန်ပြနိုင်သည် စံပြ သို့မဟုတ် အဆင့်၁၂ကျင့်ကြံသူများ၏ အရေအတွက်သာ အဓိကဖြစ်၏။

ထိုမှတ်ချက်အရ အာကာသမျိုးနွယ်၏ ပင်ကိုစွမ်းရည်သည် အကူအညီ မဖြစ်ပေ။ အကြောင်းမှာ မသေမျိုးလမ်းစဉ်၏ အခြေခံကျသည့် ဟာကွက်ကြောင့် ဖြစ်၏။ တစ်စုံတစ်ယောက်က အဆင့်တစ်ဆယ်တွင် ဆန့်ကျင်ထာဝရအရှင်ဖြစ်လာသည်မှာ သူတို့သည် အဆင့်၁၁နှင့် အထက်တွင် ထိုကဲ့သို့ တစ်ယောက် ဖြစ်လာမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

နမူနာအားဖြင့် ရွှေရောင်မသေမျိုးချီကို ၅ ရာခိုင်နှုန်းအောက် သန့်စင်နိုင်သည့် ကောင်းကင်မသေမျိုးချီ ကျင့်ကြံသူများက ပုံမှန် ကောင်းကင်ဘုံအရှင်နှင့် ရင်ဆိုင်နိုင်သည်။ အကယ်၍ သူတို့သာ ဆန့်ကျင်ထာဝရအရှင်ဆက်ဖြစ်လိုပါက အားလုံးကဲ့သို့ အရင်းအမြစ်ချီ နေရာလွတ်ထဲတွင် ရှားပါးကာ ထူးဆန်းသည့်ချီကို ရှာဖွေရမည်ဖြစ်၏။ သူတို့သည် ထိုနေရာတွင် မွေးဖွားသော်လည်း သူတို့အတွက် အန္တရာယ်များပြားသည့်နေရာတစ်ခု ဖြစ်နေဆဲသာ။

အာကာသမျိုးနွယ်၏ သမိုင်းကြောင်းတစ်လျှောက်တွင် ပါရမီရှင်များက ထာဝရလမ်းစဉ်ကို မြင့်မားသည့် အဆင့်တစ်ခုရောက်အောင် ကြိုးစားခဲ့ဖူးသည်။ အာကာသမျိုးနွယ် သာမကဘဲ တခြားသောကျင့်ကြံသူများလည်း အပါအဝင် ဖြစ်၏။

သမိုင်းကြောင်း၏ ဧကရာဇ်လမ်းစဉ်ကို အားနည်းသွားစေသည့် လှုပ်ရှားမှုမျိုးတွင် သမိုင်းကြောင်းတစ်လျှောက် အနည်းငယ်သာ ရှိခဲ့ဖူးသည်။ ထိုအချိန်အတွင်း ကောင်းကင်ဘုံသွေဖယ်သည့် ထာဝရပါရမီရှင်များ ထွက်ပေါ်လာသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now