အခန်း(၅၅၅)

23 1 0
                                    


အခန်း (၅၅၅) : လူဝင်စားများ၏တာဝန်

ဘန်း ဘန်း ဘန်း..

နေရာလွှတ်အတွင်း အားကောင်းသည့် ထိပ်တုက်ရင်ဆိုင် တိုက်ခိုက်သံများ ထွက်ပေါ်နေသည်။ ကံကောင်းစွာဖြင့် လျှို့ဝှက်ဆန်းကျယ် စွမ်းအားတစ်ခုက တိုက်ကွက်များအား ပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်းမှ ကာကွယ်ပေးထား၏။ မိနစ်ပိုင်း ကြာမြင့်ပြီးသည့်နောက်တွင် တိုက်ပွဲက ရပ်တန့်သွားသည်။

ဝမ်ဝူချန်က လူငယ်လေးအား ကြည့်ကာ သက်ပြင်းချလိုက်ပြီး

"မင်းက အဆင့်(၂) တာအိုဘိုးဘေးရဲ့ ခွန်အား ရှိနေတာပဲ"

ဝမ်ဝေ့က ပြုံးလိုက်ပြီးနောက် "ကျွန်တော့်ကို အဆင့်တစ်ခုချင်းစီရဲ့ စွမ်းအားကို ပြလို့ ရမလား"

ဝမ်ဝူချန်က လက်ဝေ့လိုက်သည့်အခါ သူ့ရှေ့တွင် ဧရာမလက်ကြီးတစ်ခု ထွက်ပေါ်လာသည်။

"မင်း ဘာကို ခံစားရလဲ"

"ကျွန်တော် တိုက်ကွက်ငါးခုအထိတော့ မခံနိုင်လောက်ဘူးလို့ ခံစားရတယ်"

"အဆင့်(၃) တာအိုဘိုးဘေး အများစုက အဆင့်(၂)တွေကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တယ်။ မင်းက တစ်ကြိမ်ထက် ပိုပြီးတော့ အသက်ရှင်နိုင်တယ်ဆိုတော့ မင်းရဲ့စည်းမျဉ်းနဲ့ မင်း ခုခံကာကွယ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေလို့ပဲ"

ဝမ်ဝူချန်က နောက်ထပ် တိုက်ကွက်တစ်ခုကို အသုံးပြုလိုက်သော်လည်း ပိုမိုအားကောင်းလေသည်။

"ဒါက အဆင့်(၄)ပဲ"

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက တိုက်ကွက်တစ်ခုပင် အသက်ရှင်သန်နိုင်မည် မဟုတ်ပေ။ နောက်ဆုံးတွင် ဝမ်ဝူချန်က အဆင့်(၅) တာအိုဘိုးဘေး၏ စွမ်းအားကို ထုတ်ပြလိုက်၏။

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်မိသည်။

"မင်းက အဆင့်တစ်ခုချင်းစီရဲ့ ကွာဟချက်ကို သိထားသင့်တယ်။ အထူးသဖြင့် အဆင့်(၅)ပေါ့။ မဟာတာအိုအရင်းအမြစ် ၄ ရာခိုင်နှုန်းနဲ့ ၄.၉ ရာခိုင်နှုန်းကြားက ကွာဟချက်က အတော်လေး ကြီးမားတယ်"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now