အခန်း(၄၀၅)

99 6 0
                                    


အခန်း (၄၀၅) : မှတ်ဉာဏ်များ

" စနစ် ငါ့အခြေအနေကို ပြပေး"

နာမည်။ ။ ချူးမို (ချူးယွင်ဖန့်)

ဂိုဏ်း။ ။ သွေးအဇူရာဂိုဏ်းသားဟောင်း

ကျင့်ကြံဆင့်။ ။ နက်နဲဘုရင်အဆင့်

အခြေအနေ။ ။ ဒဏ်ရာရကာ သေလုနီးပါးအခြေအနေ

" ဒီဘဝမှာ ငါ့နာမည်က ချူးမိုလား ထားလိုက်ပါတော့"

ထို့နောက် ချူးမိုက ဘာလုပ်ရမည်ကို စနစ်အား မေးလိုက်သည်။ သူရရှိသည့်အဖြေက စနစ်က သူ့အား ဒဏ်ရာများအား ပိုမိုကောင်းမွန်ပြီး ကျင့်ကြံဆင့် ပိုမိုမြန်ဆန်လာဖို့အတွက် အရာအားလုံးကို ဝါးမျိုနိုင်ခွင့်ပြုထားသည်ဟု ဖြစ်သည်။

" အဲဒါပဲလား" ချူးမိုက မေးလိုက်သည်။

" စနစ်က ဒီကမ္ဘာဆီမှာ လက်ခံသူရဲ့ ဝိညာဉ်ကူးပြောင်းပေးတဲ့ ဖြစ်စဉ်မှာ ဒဏ်ရာရသွားပါတယ်။ အဲဒါကြောင့် အဓိက လုပ်ဆောင်ချက်တစ်ခုက ယာယီ အသုံးမပြုနိုင်သေးပါဘူး" အေးစက်စက် အသံတစ်ခုက ပြန်ဖြေလာသည်။

ချူးမိုက ခေါင်းညိတ်လိုက်သည်။ သူက တခြားလူများကို ဝါးမျိုရမည်ဆိုလျှင်ပင် ဂရုမစိုက်ပေ။ သူ့ယခင်ဘဝ၌ သူက အားနည်းကာ အပြောအဆို ညင်သာလွန်းသည့်အတွက် အနိုင်ကျင့်ခံခဲ့ရသည်။

မူလတန်းကျောင်းတွင်ဖြစ်စေ၊ အလယ်တန်းကျောင်းတွင် ဖြစ်စေ သို့မဟုတ် ကောလိပ်အထိဖြစ်စေ သူ့အခန်းဖော်များက သူ့အား ခိုင်းဖက်တစ်ယောက်လို သဘောထားခဲ့ကြသည်။ အိမ်ပြန်ရောက်သည့်အခါတွင်ပင် သူ့မိဘများက သူ့ကို အညစ်အကြေးလို ဆက်ဆံပြီး သူ့ညီငယ်နှင့် ညီမငယ်များကိုသာ မျက်နှာသာပေးခဲ့ကြသည်။

ချူးမိုက သေဆုံးသွားပြီးနောက်တွင် ကမ္ဘာမြေအပေါ် အနှောင်အဖွဲ့ မရှိပေ။ ထို့အပြင် သူ မသေဆုံးခင် သူ့ဆီသာ အခွင့်အရေးရလာပါက သူ ကျေနပ်မည့် အရာကိုသာ လုပ်ကာ သူ့ခေါင်းပေါ်မှ ဖြတ်လျှောက်ခွင့်မပေးကြောင်း ကျိန်ဆိုခဲ့သည်။

" ငါက အခု နတ်ဆိုးကျင့်ကြံသူ ဖြစ်နေပြီဆိုမှတော့ မသေဆုံးခင်မှာ ကျိန်ဆိုခဲ့တဲ့အတိုင်း လုပ်ရတာပေါ့။ ဒီကမ္ဘာကြီးက ငါ့နာမည်ကို သိသွားပြီးတော့ လေးစားလာစေရမယ်။ ငါက ရှိခဲ့သမျှနတ်ဆိုးထဲမှာ အကြီးမြတ်ဆုံး ဖြစ်ရမယ်"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now