အခန်း(၅၅၉)

25 2 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၀)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၅၅၉) : စိတ်စွမ်းအားနှင့် တာအိုနှလုံးသားစစ်ဆေးမှု

ဝမ်ဝေ့က မျှော်နန်းဆောင်ဆီ ပျံသန်းသွားလိုက်သည်။ သို့သော်လည်း သူ့ယခင် စိတ်အေးလက်အေး ပုံစံမျိုးနှင့် မတူဘဲ သူက သတိကြီးကြီး ထားထားကာ သူက နေရာတိုင်းကို လျှို့ဝှက်စောင့်ကြည့်နေသည်။ သူက ထိုမူမမှန်မှုသည် ဘယ်နေရာမှ ရောက်လာကြောင်း မသိထားသောကြောင့် သတိကြီးကြီး ထားထားသည်။

သူက အရှင်စိတ်ဝိညာဉ်စကားကို နားထောင်ကာ မျှော်နန်းဆောင်အတွင်း တင်ရောက်ခဲ့သည်။ သူက ထိုစမ်းသပ်ချက် မည်သို့ စတင်မည် ဖြစ်ကြောင်း သတင်းစကား ရရှိလိုက်၏။ စက္ကန့်ပိုင်း ကြာမြင့်ပြီးသည့် နောက်တွင် အစပြုလာသည်။

သုညအလုံး၂၀ ပါဝင်သည့် နံပါတစ်ခုက သူ့ခေါင်းအထက်တွင် ပေါ်ထွက်လာသည်။ ဝမ်ဝေ့က သူ့ကိုယ်သူ ဖိအားအနည်းငယ်ကို ခံစားမိလိုက်၏။ သို့သော်လည်း ထိုဖိအားက သူ့ခန္ဓာကိုယ်ပေါ်မှ မဟုတ်ဘဲ စိတ်စွမ်းအားဖြင့် သယ်ဆောင်ထားရသည့် အလေးချိန် ဖြစ်သည်။

ထိုနောက် ဆယ်စက္ကန့်ချင်းစီတွင် သုညက အနည်းဆုံး သုံးလုံး တိုးလာလေ၏။ ထို့နောက် စကားလုံးများ မဟုတ်တော့ဘဲ ကမ္ဘာငယ်ဟူ၍ စာလုံး ပြောင်းလဲသွားသည်။ ထိုစာလုံးက ဝမ်ဝေ့သည် သူ့စိတ်စွမ်းအားဖြင့် ကမ္ဘာငယ်တစ်ခု၏ အလေးချိန်ကို သယ်ဆောင်ထားရကြောင်း ညွှန်ပြနေသည်။ ဤသည်က မခက်ခဲပေ။ ထို့ကြောင့် သူက စစ်ဆေးမှုအား လျစ်လျူရှုကာ အထွေထွေသောင်းပြောင်းအရှင် ပေးထားသည့် အဆောင်ကို အပြန်ပြန် အလှန်လှန် ဖတ်ရှုနေပြီး မသေမျိုးဆေးလုံး မည်သို့ ဖော်စပ်ရမည်ကို သင်ယူခဲ့သည်။

စက္ကန့်ပိုင်း ကြာမြင့်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အလေးချိန်က ကမ္ဘာငယ် ၅ခုအဖြစ် ပြောင်းလဲသွားပြီး ဆက်လက်တိုးပွားလာသည်။ နာရီအနည်းငယ် ကြာပြီးနောက်တွင် အလေးချိန်က မဟာကမ္ဘာအဖြစ် ပြောင်းလဲသွား၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now