အခန်း(၄၂၉)

52 4 0
                                    


အခန်း (၄၂၉) : တာအိုသင်္ချိုင်းမြေ

ဝမ်ဝေ့က သူ့ရှေ့တွင် ရှိနေသည့် ခေါင်းဆောင်းနှင့် ပုံရိပ်အား ကြည့်ကာ တခြားတစ်ဖက်တွင် ဓားမြှောင်ကိုင်ဆောင်ထားသော ကျိုးနေသည့် လက်ကို ကိုင်ထားလိုက်သည်။ သူက အာရုံများနေစဉ် ထိုလူက ရုတ်ချည်းပေါ်ထွက်လာပြီး သူ့အား ထိုးစိုက်ခဲ့လေသည်။

ထိုသူ့အတွက် ကံဆိုးသွားသည်က ဝမ်ဝေ့၏ ခန္ဓာကိုယ်က အကျိုးအကြောင်း မသင့်လောက်အောင်အထိ သန်မာနေပြီဖြစ်၏။ ထို့ကြောင့် ထင်ထားသည့်အတိုင်း ဝမ်ဝေ့အား သတ်ဖြတ်နိုင်မည့်အစား သူ့အထွတ်အထိပ်အဆင့် ဓားမြှောင်သာ ကျိုးသွားခဲ့ပြီး တန်ပြန်သက်ရောက်မှုကြောင့် သူ့လက်ကောက်ဝတ်လည်း ကျိုးသွားခဲ့သည်။

" မင်းက ဘယ်သူလဲ။ ပြီးတော့ ငါ မသိဘဲ ဘယ်လိုလုပ် ရောက်လာနိုင်တာလဲ"

သူက သူ့အလိုလိုသိစိတ် အလုပ်မလုပ်သည်မှာ ထိုလူသည် သူ့အတွက် အန္တရာယ်မဖြစ်၍ ဖြစ်သည်။ သို့သော်လည်း သူ အာရုံများနေလျှင်ပင် ထိုလူက သူ မသိစေဘဲ ဖြတ်လာဖို့ မဖြစ်နိုင်ပေ။

ခေါင်းဆောင်းနှင့် ပုံရိပ်က ဘာမှမပြောပေ။ လုပ်ကြံသတ်ဖြတ်မှု ကျရှုံးသွားပြီဖြစ်၍ သူက နောက်ပြန်ဆုတ်ရမည်။ သူ့အနောက်ဘက်တွင် အာကာပြင်အက်ကြောင်း တစ်ခု ပေါ်ထွက်လာပြီး သူက ချက်ချင်းဆိုသလို ကိုယ်ပျောက်သွားလေသည်။ သူ့အတွက် ကံဆိုးသည်က သူ ထွက်မသွားခင် ဝမ်ဝေ့က လက်သီးဆုပ်လိုက်သည်။

ထိုလှုပ်ရှားမှုလေးဖြင့် ကောင်းကင်အထက်တွင် ဧရာမလေမုန်တိုင်းတစ်ခု ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်အား နှောင့်ယှက်နေကာ လုပ်ကြံသူ ထွက်မသွားနိုင်အောင် တားဆီးထားလေသည်။ သူ့အစစ်အမှန် အမြင်အာရုံဖြင့်ပင် ထိုအပြုအမူကို မမြင်နိုင်သည်မှာ ထူးဆန်းလှသည်။

ထို့ကြောင့် သူက အမြင်အာရုံအပေါ် နောက်ထပ်တစ်ခု ထပ်မံပေါင်းထည့်လိုက်သည်။ ကံစွမ်းအား ဖြစ်၏။ လုပ်ကြံသတ်ဖြတ်သူက သူ့အား သတ်ဖြတ်ဖို့ ကြိုးစားခဲ့သောကြောင့် သူတို့ကြားတွင် အကျိုးနှင့်အကြောင်း ရှိရမည်။ ထိုကြိုးမျှင်နောက်မှ လိုက်ကာ အရှေ့မြောက်ဘက်စူးစူးသို့ ပြိုင်ဘက်ကင်းအလျင်ဖြင့် ပျံသန်းသွားနေသည့် တစ်စုံတစ်ယောက်ကို မြင်လိုက်ရ၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now