အခန်း (၅၄၇)

32 1 0
                                    


အခန်း (၅၄၇) : ဝမ်ဝေ့နှင့် ယဲ့တာ့ဖူ ပြိုင်ဆိုင်ခြင်း

အရှင်စိတ်ဝိညာဉ်က အားလုံး၏ ရှေ့တွင် ပေါ်ထွက်လာပြီး ပါဝင်ယှဉ်ပြိုင်သူ တစ်ဦးချင်းစီအတွက် အမှတ်အသားပြားကို ဖြန့်ဝေပေးလိုက်သည်။ သူတို့၏ အံ့ဖွယ်အသိစိတ်ကို အထဲ ထည့်သွင်းသရွေ့ သူတို့ရှိသည့် အမှတ်အရေအတွက်ကို မြင်နိုင်လေသည်။

" နောက်ထပ်စစ်ဆေးမှုက နောက်တစ်ပတ်နေရင် ကျင်းပမယ်။ ငါတို့တွေ ဒီလိုမျိုး တစ်ချိန်တည်း နှစ်ခု ဒါမှမဟုတ် အဲထက်ပိုပြီး လုပ်ကြမယ်။ နောက်စစ်ဆေးမှုထဲမှာ စွမ်းအင်ထိန်းချုပ်ရေးနဲ့ နားလည်နိုင်စွမ်းတို့ ပါမယ်ဆိုတော့ ကြိုတင်ပြင်ဆင်ထားကြ"

အရှင်စိတ်ဝိညာဉ်က ကြေညာပြီးသည့်နောက်တွင် ဝမ်ဝေ့အား ကြည့်လိုက်သည်။

" မင်းက ပထမနေရာ ဆုလာဘ်အတွက် တောင်းဆိုချက် ရှိနေတာလား"

" ဟုတ်ပါတယ်။ ကျွန်တော် အဲဒါကို ပထမစစ်ဆေးမှုက စွမ်းအင်နဲ့ လဲလှယ်ချင်တယ်"

ထို့နောက် အရှင်စိတ်ဝိညာဉ်က တစ်စုံတစ်ယောက်နှင့် ဆက်နွယ်နေသလိုမျိုး သို့မဟုတ် စဉ်းစားနေသလိုမျိုး ခေတ္တတုံ့ဆိုင်းသွားသည်။

" အခု မင်း တောင်းဆိုချက်ကို လက်ခံတယ်" သူမက လက်ဝှေ့လိုက်သည့်အချိန် မျှော်နန်းဆောင်မှ အပြာရောင်သလင်းကျောက်တစ်ခု ပျံသန်းထွက်လာသည်။ ထိုစဉ် ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်အတွင်းမှ စာအုပ်တစ်အုပ်ကို ယူကာ ပေးလိုက်၏။

နောက်ဆုံးတွင် အရှင်စိတ်ဝိညာဉ်က သူ့အား တစ်ချက်ကြည့်ပြီးနောက် ထွက်ခွာသွားသည်။

ထိုကောင်းကင်ရွေးချယ်ခံအားလုံးက တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည့်အတွက် အခြေအနေက ပြင်းထန်လာသည်။ နောက်ဆုံးတွင် ယဲ့တာ့ဖူက ဝမ်ဝေ့ဆီ လျှောက်လှမ်းလာပြီး

" ဒီမျောက်ဘုရင်က မင်းကို စိန်ခေါ်ချင်တယ်"

" မျောက်လေး မင်းအမှတ်ကို အလကားဖြုန်းတီးမနေနဲ့။ ငါက မင်းယှဉ်လို့ရမဲ့လူ မဟုတ်ဘူး" ဝမ်ဝေ့က ပြောလိုက်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now