အခန်း(၅၆၂)

48 4 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၁)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၅၆၂) : အကြွင်းမဲ့ ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလ

ဝမ်ဝေ့က မျက်လုံးကို ဖွင့်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။ ၂ရက်တာ ကြာမြင့်ပြီးသည့်နောက်တွင် သူက အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်ရှိနေပြီ ဖြစ်၏။ နောက်ဆုံးတွင် သူက ဝမ်ကျူ ပို့ထားသည့် ဆက်သွယ်ရေးအဆောင်ကို စစ်ဆေးကြည့်လိုက်ကာ မျက်မှောင်ကြုတ်သွားမိသည်။

သူက တစ်ခုခုများ အာရုံခံမိသွားတာလား...

ဝမ်ဝေ့က တွေးလိုက်မိသည်။

ကြည့်ရတာ ငါ တိကျားကို လုပ်ကြံဖို့ မဖြစ်နိုင်တဲ့ပုံပဲ...

သူက ချဉ်းကပ်မှုတစ်ခုကို တွေးပြီးသည့်နောက်တွင် ခန္ဓာကိုယ်ကို အညောင်းအညာဖြေဖို့ သီးသန့်ကျင့်ကြံရာမှ ထွက်လာခဲ့သည်။

သူက ကျင့်ကြံရေးထဲ ပြန်လည်မဝင်ရောက်ခင် ကိစ္စများစွာ လုပ်ဖို့ လိုအပ်နေသေးသည်။ သို့သော် သူက ဂိုဏ်း၏ ကိစ္စများကို အရင်စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက ဂိုဏ်းချုပ် ဖြစ်နေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူက အကြီးအကဲများနှင့် စကားပြောပြီး အလွှာနိမ့်တွင် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မည့် အစီအစဉ်က အနှောင့်အယှက် မရှိကြောင်း သေချာအောင် လုပ်လိုက်သည်။

သူ လုပ်ဆောင်ပြီးသွားသည်နှင့် သူ့တောင်သို့ ပြန်သွားကာ ဆက်လက်ကျင့်ကြံလိုက်သည်။ ဂိုဏ်းချုပ်အနေနှင့် သူသည် ဝိညာဉ်ချီအကြွယ်ဝဆုံးဖြစ်သည့် ထျန်းဝေတောင်ထိပ်ကို အသုံးပြုနိုင်လေသည်။ သို့သော်လည်း ဝမ်ဝေ့က သူ့အိမ်ကိုသာ သဘောကျသည်။ ထို့ကြောင့် ဝမ်ဝေ့က အသုံးပြုခဲသည်။ သူက ထျန်းဝေတောင်ထိပ်မှ ဝိညာဉ်စွမ်းအားများကို သူ့ကံကြမ္မာသာလွန်တောင်ထိပ်သို့ ပြောင်းဖို့ရာပင် ကြံစည်နေသေးသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now