အခန်း(၅၅၁)

23 2 0
                                    


အခန်း(၅၅၁) : သူတော်စင်

" ငါ မေ့သွားတော့မလို့ ..." အရှင်စိတ်ဝိညာဉ်က ပြောလာသည် "ဒီလို စည်းမျဉ်း ရုတ်တရက် အပြောင်းအလဲက မင်းတို့အတွက် စစ်ဆေးမှုအပေါ် အမြင်ကို သက်ရောက်မှုဖြစ်လာစေမယ်ဆိုတာကို သိတယ်"

ပါဝင်ယှဉ်ပြိုင်သူများက မျက်လုံးဝေ့ကြည့်လိုက်ကြသည်။ စည်းမျဉ်းအသစ်ဖြင့် စစ်ဆေးမှုကဏ္ဍရှစ်ခုက အသုံးမဝင်တော့လုနီးပါး ဖြစ်သွားခဲ့သည်။ သူတို့က အမှတ်လုံလုံလောက်လောက် ရနိုင်အောင် လုပ်ဆောင်နိုင်သရွေ့ နံပါတ်တစ် အမှတ်အသားပြားကို လုယူလိုက်လျှင် ဤစစ်ဆေးမှု အောင်မြင်နိုင်မှန်း သိထား၍ ကျန်သည့်အရာများက ကိစ္စမရှိချေ။

အကယ်၍ သူတို့က စည်းမျဉ်းကို အမှန်အကန် အသုံးချလျှင် အမှတ်များပင် လိုအပ်လာမည် မဟုတ်ပေ။

အရှင်စိတ်ဝိညာဉ်က ထိုလူများ၏ အမူအရာမှတဆင့် စိတ်ကို ဖတ်နိုင်သည့်အလား ပြုံးလိုက်သည်။

"နောက်ထပ် စစ်ဆေးမှုအတွက် ပထမဆုလာဘ်က အရမ်းအဖိုးတန်တယ်။ အဲဒါကြောင့် မင်းတို့တွေ အကောင်းဆုံးလုပ်သင့်တယ်။ ပြီးတော့ တခြားဆုလာဘ်တွေကလည်း တခြားစစ်ဆေးမှုကလိုမျိုး တန်ဖိုးရှိတာပဲ"

" ဆုလာဘ်က ဘာလဲ"တစ်ယောက်က မေးလိုက်သည်။

" ငါ ပြောနိုင်တာက မင်းတို့တွေလက်ထဲ ရလိုက်တာနဲ့ နောက်ဆုံးအမွေအနှစ်ကို မရယူနိုင်တဲ့အတွက် နောင်တတွေကို ဖယ်ရှားဖို့ လုံလောက်နိုင်တယ်ဆိုတာပဲ "

အားလုံးက အလေးအနက်ဖြစ်လာကာ မျက်မှောင်ကြုတ်လိုက်ကြသည်။ အရှင်စိတ်ဝိညာဉ်က အားလုံးအား နောက်ပိုင်းစစ်ဆေးမှုကို စမပြောခင် ဉာဏ်များစွာ ပြုံးလိုက်သည်။

မျှော်နန်းဆောင်ထဲ ဝင်ရောက်လိုက်ပြီးသည့်နောက် ဝမ်ဝေ့က ပတ်ဝန်းကျင်တွင် စွမ်းအင်အမျိုးမျိုး သို့မဟုတ် ချီအမျိုးမျိုး မျှောလွင့်နေသည်ကို ခံစားမိလိုက်သည်။ သူက တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်ထားလိုက်၏။ စစ်ဆေးမှု၏ ပထမအပိုင်းက အဆုံးမဲ့လေဟာနယ်တစ်လျှောက်ရှိ ကမ္ဘာတိုင်းတွင် ရှိနေနိုင်သည့် အခြေခံ ဝိညာဉ်ချီ ထိန်းချုပ်မှုကို စမ်းသပ်ရန် ဖြစ်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now