အခန်း(၅၅၇)

20 1 0
                                    


အခန်း (၅၅၇) : လူဝင်စားများ၏ တာဝန်

ဝမ်ဝေ့က ဆံပင်အဝါရောင်ရှိသည့် ကံလူဝင်စားကို ကြည့်လိုက်သည်။

"ဘယ်လိုလဲ"

သူက မေးလိုက်သည်။

"မင်းဘာသာမင်း ကြည့်ပါလား" လူဝင်စားက ပြန်ဖြေလေ၏။

ဝမ်ဝေ့က မဟာကမ္ဘာကို ကြည့်လိုက်လေသည်။ သူက လူဝင်စားများနှင့် ဆက်နွယ်ထားသည့် ကံကြိုးမျှင် အရောင်များကို မြင်လိုက်ရသည်။ သူတို့က များပြားလွန်းလှ၏။ သူက လူဝင်စားသည် ယခုအခါ ဤကမ္ဘာ၏ အရာတိုင်း၊ ပစ္စည်းတိုင်းနှင့် အက်တမ်နှင့် ဆက်နွယ်နေကြောင်း မြင်လိုက်ရသည်။ ဝမ်ဝေ့က အလင်းနှစ်သိန်းပေါင်းများစွာ အကွာက ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်လိုက်သည့်အချိန် လူဝင်စားနှင့် ကံဆက်နွယ်မှု ရှိနေသည်ကို မြင်လိုက်ရသည်။

"ဒါက မင်းအဖြေလား" သူက မေးလိုက်သည်။

"ဟုတ်တယ်" လူဝင်စားက ပြန်ဖြေလိုက်၏။

"ငါ့တစ်ဘဝလုံးကို ကံကြောင့် တုံ့ဆိုင်းနေရတာ။ ငါက မိုးမြေကို ကံကြွေးမရှိဘဲ လေတောင်မရှုနိုင်ဘူး။ ငါ့ဘာသာငါ ကမ္ဘာကနေ သီးသန့်ခွဲထုတ်ပြီး အေးအေးချမ်းချမ်း ကျင့်ကြံဖို့ ကြိုးစားပေမဲ့ ငါ ရှိနေတဲ့ အကြွေးက တဖြည်းဖြည်း လိုက်လာတာပဲ။ ငါက ကံကြွေးကို ပြန်လည်ပေးဆပ်ဖို့ ကြိုးစားပေမဲ့ ငါ့ခေါင်းထဲမှာ ထပ်ပြီးတော့ ပြန်လည်ဖြစ်ပေါ်လာတယ်။ ငါ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ ကံကြမ္မာ ရှောင်ရှားဖို့ ဘယ်လောက်ပဲ တွက်ချက်ကြည့်ကြည့် အဲဒါကနေ လွှတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။"

လူဝင်စားက ပြန်တွေးနေသည့်အလား ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ သူ လှမ်းခဲ့ရသည့် ခြေလှမ်းတိုင်းက သဲရှင်ထဲလိုမျိုး ဖြစ်ကာ မရုန်းနိုင်ဘဲ ဆက်လက် ပိုနှစ်သွားလေသည်။ ဤသည်က သူ့အနေနှင့် ငြိမ်းချမ်းမှု တစ်ခါမှ မရှိမှန်း သိလိုက်ရကတည်းက အိပ်မက်ဆိုး ဖြစ်လာခဲ့၏။

"ကံကနေ လွှတ်မြောက်ပြီး ချုပ်နှောင်မှုတွေကနေ လွှတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ငါ ကျရှုံးခဲ့တယ်"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now