အခန်း(၄၀၆)

108 8 0
                                    


အခန်း (၄၀၆) : ကမ္ဘာ၏ လျှို့ဝှက်ချက်

ဝမ်ဝေ့က တိထျန်း၏ ဘဝမှ အခိုက်အတန့် ငါးခုကို ဖမ်းယူနိုင်ခဲ့သည်။ ပထမတစ်ခုက လီကျွင်း သူ့မှတ်ဉာဏ်မှ ခိုးယူခဲ့သည့်အရာနှင့် အတူတူဖြစ်သည့် သူက သူ့ဇနီးဟု ယူဆရသည့် သေဆုံးနေသည့် ခန္ဓာကိုယ်ကို ပွေ့ဖက်ထားသည်။

ဒုတိယတစ်ခုမှာ ရုပ်ချောချော အမျိုးသားတစ်ဦးနှင့် တိုက်ပွဲ ဖြစ်၏။ ဝမ်ဝေ့က ထိုအရာကို မြင်သည်နှင့် သူ့ဘိုးဘေးဧကရာဇ်ချီယွမ် ဖြစ်နေကြောင်း တန်းသိလိုက်သည်။ သူငယ်စဉ်အခါက ဝမ်၊ ယန်းနှင့် လီမျိုးနွယ်စုများအပါအဝင် ဘိုးဘေးများအား ဝတ်ပြုခြင်း အစီအစဉ်တွင် ပါဝင်ဆင်နွှဲခဲ့ဖူးသည်။

သူ ရယူနိုင်ခဲ့သည့် တတိယသတင်းအချက်အလက်က ခေတ္တမျှသာ ဖြစ်၏။ သူက အမျိုးသမီးတစ်ဦး ဝါးဓားလေးကို ဝှေ့ယမ်းနေသည်ကို မြင်လိုက်ရပြီး တိထျန်းက အမှုန်အမွှားများအဖြစ် ပျောက်ကွယ်သွားသည်။

လေးခုမြောက် မှတ်ဉာဏ်မှာ မျက်လုံးသုံးလုံးပါ မိစ္ဆာနှင့် မိန်းမလှတစ်ဦးတို့ကြားမှ တိုက်ပွဲ ဖြစ်၏။ သူက ထိုအမျိုးသမီးကို မြင်လိုက်သည်နှင့် ဧကရီဝူ ဖြစ်ကြောင်း တန်းမှတ်မိလိုက်သည်။ သူမက ဝူဟုန်နှင့် ကွက်တိတူနေလေ၏။

တစ်ခုတည်းသောကွဲပြားမှုမှာ သူတို့၏ သဘောထားဖြစ်ပြီး သူမက အနည်းငယ် ပိုမိုအေးစက်လေသည်။ သူမက အနားချဉ်းကပ်လာသည့် အရာအားလုံးကို စိမ်းကားနေဟန်ပေါ်၏။

တိုက်ပွဲက အတော်လေး ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ ကံဆိုးစွာဖြင့် သူက ခေတ္တမျှသာ ကြည့်နိုင်ခဲ့၏။ သို့သော်လည်း ထိုအရာမှ တစ်စုံတစ်ခု သင်ယူနိုင်ခဲ့သည်။

နောက်ဆုံးမှတ်ဉာဏ်က ကောင်းကင်ထံ အော်ဟစ်ကာ ကျိန်ဆဲနေသည့် ဒဏ်ရာရ အမျိုးသားတစ်ဦး ဖြစ်၏။ သူက အဘယ်ကြောင့် သူ့မှတ်ဉာဏ်များ နောက်ကျမှ နိုးထလာသလဲဟု မေးနေသည်။ ထိုလူတွင် အမုန်းတရားများနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေလေ၏။

ဝမ်ဝေ့က မျက်လုံးပြန်ဖွင့်လိုက်သည်။

" သံသရာကိုးပါး လက်သီး ... ပြန်လည်ဝင်စားခြင်း ကိုးဘဝ...။ ထာဝရဧကရာဇ်သုံးပါးကို တိုက်ခိုက်ခဲ့တယ်...။ နောက်ဆုံးမှတ်ဉာဏ်ရဲ့ အဝတ်အစားတွေအရ သူက အလယ်အလတ် ဧကရာဇ်ခေတ်ကာလပုံစံပဲ"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now