အခန်း(၅၆၀)

41 4 1
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၀)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၅၆၀) : အရှုပ်အထွေးနှင့် ကျိန်စာ

"အဲဆိုတော့ တိုက်ပွဲစစ်ဆေးမှုက စိန်ခေါ်မှုပုံစံနဲ့ ကျင်းပမယ်။ ဒါပေမဲ့ အချင်းချင်း မဟုတ်ဘဲနဲ့ ဒိုင်မေးရှင်းအမြင့်က ကောင်းကင်ရွေးချယ်ခံတွေနဲ့ပဲ"

လက်ရှိ ကောင်းကင်ရွေးချယ်ခံများသည် သူတို့၏ သက်ဆိုင်ရာ အင်အားစု အသီးသီး၏ ကျောရိုးဖြစ်သည့်အတွက် စကြဝဠာကြီး၏ လျှို့ဝှက်ချက်တချို့ကို သိထားကြသည်။

သူတို့က ဒိုင်မေးရှင်းအမြင့်အကြောင်း သိထားကြပြီး မဟာဧကရာဇ်များ ကျင့်ကြံရေးခရီးလမ်းစဉ် တက်လှမ်းသွားသည့် နေရာလည်း ဖြစ်ပေသည်။

သို့သော် ယခုတွင် သူတို့က ထိုနေရာ၏ ပါရမီရှင်များနှင့် တိုက်ခိုက်ဖို့ အခွင့်အရေး ရလာခဲ့သည်။ သူတို့က ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာကြပြီး သူတို့က ဆိုးဝါးသည့် ပတ်ဝန်းကျင်မျိုးတွင် နေထိုင်ရလျှင်ပင် နောက်ကောက်ကျလိမ့်မည်ဟု မယုံကြည်ကြပေ။

တချို့သူများက သူတို့ဘာသာသူတို့ အရှက်ခွဲမိမှာ သို့မဟုတ် ဂိုဏ်းဆီ ပြဿနာ ယူဆောင်သွားမိမည်ကို စိုးရိမ်နေကြသည်။

ကိစ္စတွေက တော်တော် ရှုပ်ထွေးလာတော့မှာပဲ...

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ထိုဒိုင်မေးရှင်းအမြင့်မှ စိန်ခေါ်မှုများကို မကြောက်ပေ။

သူ စိုးရိမ်သည်က သူတို့နောက်ကွယ်မှ အင်အားစုကို ဖြစ်၏။ သူက ထိုအားကြီးသည့်သူများသည် ဒိုင်မေးရှင်းအနိမ့်တွင် ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိကြောင်း သိထားသော်လည်း သူတို့တွင် လုပ်နိုင်စွမ်း ရှိနေသေးသည်။

သူသာ ထိုသခင်လေးထဲက တစ်ယောက်ယောက်ကို ရန်စမိခဲ့ပါက ကိစ္စများက ပိုမိုရှုပ်ထွေးလာကာ သူ့အတွက်၊ သူ့ဂိုဏ်းအတွက် ပြဿနာ ဖြစ်လာစေလိမ့်မည်။ ဝူဟုန်ကို နောက်ခံအဖြစ် ထားရှိခြင်းက ပိုမိုဆိုးဝါးသွားနိုင်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIHikayelerin yaşadığı yer. Şimdi keşfedin