အခန်း(၄၈၈)

45 3 0
                                    


ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၃၅)

မူရင်းရေးသားသူ - lazySageDao

ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)

အခန်း (၄၈၈) : ကမ္ဘာဝင်တိုက်ခြင်း

တာအိုအခွင့်အလမ်းဂိုဏ်း..

ဝမ်ထျန်းက သူ ကျင့်ကြံသည့်အခန်းထဲ တင်ပျဉ်ခွေကာ ထိုင်နေလေသည်။ သူက အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ အကြောင်းမှာ ဟွမ်ယွမ်၏ လေဟာနယ်ဖြိုခွင်းခြင်းအဆင့် တက်လှမ်းသွားမှု သတင်းသည် အသင်္ချေအင်ပါယာကမ္ဘာတစ်ခုအနှံ့ ပြန်နှံ့သွားပြီဖြစ်သည်။ အကယ်၍ သူ့သားကိုသာ ထည့်မတွက်လျှင် သူသည် အထွတ်အထိတ်လမ်းစဉ် ပြန်ပွင့်လာဖို့ ကောင်းကင်ရွေးချယ်ခံ နောက်ထပ် လေးယောက် ထိုအဆင့် ရောက်ဖို့ရာ စောင့်ဆိုင်းရမည်။ ထိုအခါမှ အထွတ်အထိပ်လမ်းစဉ် ပွင့်သွားမည် ဖြစ်ကာ နောက်ဆုံးတွင် သူတို့က အထွတ်အထိပ်နယ်ပယ်အဆင့်သို့ ဝင်ရောက်နိုင်တော့မည် ဖြစ်၏။ တကယ်တော့ သူက လွန်ခဲ့သည့် ဟိုးပဝေသဏီကတည်းက မြင့်မားသည့်အဆင့်သို့ ဝင်ရောက်နိုင်ခဲ့သည်။

သူက သူ့မျိုးဆက်ရှိ တခြားသူများကဲ့သို့ အဆင့်တက်လှမ်းဖို့ အခြားကမ္ဘာများဆီ သွားလာနိုင်လေသည်။ သူက သူ့အဆင့်တက်ဖို့ အတွက် လွှမ်းမိုးနိုင်စွမ်း ကောင်းသည့် စွမ်းအားကို အသုံးပြုနိုင်ခဲ့၏။

သူ ထိုသို့ မလုပ်ဆောင်ရသည့် အကြောင်းအရင်း နှစ်ချက် ရှိလေသည်။ ပထမဦးစွာ မဟာကမ္ဘာ၏ စည်းမျဉ်းများက ကောင်းကင်အလိုဆန္ဒများလောက် မပြီးပြည့်စုံပေ။ ထို့ကြောင့် အဆင့်တက်လှမ်းခြင်းက သူ့အင်အားနှင့် အနာဂတ်တိုးတက်မှုအပေါ် သက်ရောက်မှု ရှိလာလိမ့်မည် ဖြစ်၏။ သို့သော် အဓိကအချက်က အထွတ်အထိပ်နယ်ပယ်၏ ကောင်းကင်စမ်းသပ်ချက် ဖြစ်သည်။ ဓမ္မခန္ဓာကိုယ်ကို လေ့ကျင့်ပေးဖို့ ထိုအရာမပါရှိဘဲ သူသည် သူ့ပါရမီနှင့် အလားအလာ အပြည့်ကို ရောက်ရှိနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဝမ်ထျန်းက တခြားနည်းလမ်းများ အသုံးပြု၍ အဆင့်တက်လှမ်းဖို့ မကြိုးစားခြင်း ဖြစ်၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now