အခန်း(၄၂၅)

62 5 0
                                    


အခန်း (၄၂၅) : ဂိုဏ်း၏ အုတ်မြစ်

" ကောင်လေး မင်းရဲ့ ကံအပြစ်ကြွေးကို ဖယ်ရှားဖို့ ပြောချင်တယ်ဆိုရင်တော့ မပြောနဲ့တော့" ဝမ်ဝူချန်က တိုက်ရိုက်ပြောလိုက်သည်။ ဝမ်မျိုးနွယ် လေ့ကျင့်သည့်နည်းလမ်းက အမြဲလိုလို သက်ညှာမှု ကင်းမဲ့လေသည်။ သူတို့က အလကားအမှိုက်များကို မပျိုးထောင်ပေ။

ဂိုဏ်းက အရင်းအမြစ်နှင့် အထောက်အပံ့များစွာ ပေးထားသော်လည်း လူငယ်မျိုးဆက် ယှဉ်ပြိုင်မှုနှင့် ပတ်သက်လာသည့်အခါ သူတို့က ဝင်စွက်ဖက်မည် မဟုတ်ပေ။ ဝမ်မျိုးနွယ်စုသာမကဘဲ တခြားမျိုးနွယ်စုများလည်း အတူတူသာ ဖြစ်၏။ ဤသည်က ဂိုဏ်းသည် ကြာရှည်စွာ တည်ရှိပြီး အားကောင်းကောင်းဖြင့် ကျန်ရှိနေရသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်သည်။ ထိုဘိုးဘေးများက ဂိုဏ်း၏ အမွေဆက်ခံသူ သို့မဟုတ် သူတို့၏ သက်ဆိုင်ရာအင်အားစုများတွင် အစစ်အမှန် လုပ်ဆောင်နိုင်စွမ်းရှိဖို့ရာ သေချာအောင် လုပ်ဆောင်ခဲ့ကြသည်။

ဝမ်ဝေ့၏ မိသားစုသည် မျိုးဆက်သုံးခုတိုင် ဂိုဏ်းချုပ်ဖြစ်နေသည့်အချက်ကိုပင် မကြည့်သင့်ပေ။ သူတို့တစ်ယောက်ချင်းစီက ထိုဂုဏ်ပုဒ်နှင့် ထိုက်တန်သည့်အချက်ကိုပင် သက်သေပြခဲ့ကြရသည်။ ဝမ်ချန်၏ ဖခင်က ဂိုဏ်းချုပ် မဟုတ်ခဲ့သလို သူ့မျိုးဆက်တွင် ဝမ်မျိုးနွယ်၏ ခေါင်းဆောင်လည်း မဟုတ်ခဲ့ပေ။

သူက လျှို့ဝှက်ကမ္ဘာတွင် နေထိုင်သည့် မျိုးနွယ်ဝင်တစ်ယောက်ထံ သူ့ရာထူးကို ဆုံးရှုံးလိုက်ရသည်။ ထိုစဉ်အချိန်က ဂိုဏ်းချုပ်သည် ယန်းမိသားစုမှ ကောင်းကင်ရွေးချယ်ခံ ဖြစ်၏။

သူမက အလွန်ပါရမီထူးချွန်သော်လည်း ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ရှုံးနိမ့်သွားသည်က နှမြောစရာကောင်းလှသည်။

" မဟုတ်ပါဘူး။ အဲလို မဟုတ်ဘူး" ဝမ်ဝေ့က ပြန်ဖြေလိုက်သည် " ကျွန်တော် တိုက်ပွဲမျှော်စင်ကို နည်းနည်းပြုပြင်ချင်တယ်"

ဝမ်ဝူချန်က ခေတ္တမျှ ရပ်တန့်သွားပြီး " မင်းကို အနိုင်ယူခဲ့တဲ့ တိမိသားစုက ကောင်လေးကို ပြိုင်ဘက်အဖြစ် ထည့်ပြီးတော့ မင်းတို့နှစ်ယောက်ကြားက အင်အားကွာခြားချက်ကို အကဲဖြတ်ချင်တာလား"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book IIIWhere stories live. Discover now