အပိုင်း (၁၀)
"ကွက် ကွက် ကွက်"
မြေပြင်တွင် ရွှေမြွေကြီးက လဲနေသည်။ ဒေါင်လိုက်ပုံစံမျိုး ဖြစ်နေသည့် အညိုရောင်မျက်ဝန်း တစ်စုံနှင့်အတူ သစ်ပင်အနောက်ဘက်မှ ထွက်လာသည့် ပုံရိပ်တစ်ခုကို ကြည့်လိုက်သည်။
"ဟင်"
ဆုပိုင်က အသက်ပြင်းပြင်း ရှူပြီး သူ့ကိုယ်ထက်ပင်ကြီးသော ဖားကြီးအနောက်ဘက်သို့ ခြေဖျားထောက်ကာ သွားလိုက်သည်။ ထိုအချိန်တွင် ဖားကြီးက အောင်မြင်စွာ အမဲလိုက်နိုင်ခြင်းကြောင့် ပျော်မွေ့နေချိန် ဖြစ်သည်။ သူကလည်း သူ၏အနောက်ဘက်မှ သေးငယ်သော အမွှေးမပါသည့် တစ်စုံတစ်ယောက်က ရောက်လာကြောင်း မသိမထားမိချေ။ ထိုတစ်စုံတစ်ယောက်က မြေပြင်ပေါ်ရှိ သစ်ကိုင်းကို ကောက်ကိုင်လိုက်သည်။
ဘန်း ဘန်း ဘန်း
ဆုပိုင်က မြေပြင်ပေါ်မှ သစ်သားကို ကောက်ယူပြီးနောက် ခေါင်းသို့ကျော်အောင် မြှောက်ချလိုက်သည်။
အရှေ့မှဖားကြီးက သက်ရှိဖြစ်သော်လည်း တာဝန်အရ ရွှေမြွေကို ကယ်ရမည် ဖြစ်သည်။
ထိုဖား၏ ပုံပန်းသွင်ပြင်ကို အကဲဖြတ်ရုံနှင့်တင် ဆုပိုင်ကို တွေ့သွားသည်နှင့် သူ၏အခြေအနေက မြွေထက်အခြေအနေ ဆိုးသွားမည်ကို စိုးရိမ်ရသည်။ ထို့နောက် ဆက်တိုက် ထုရိုက်သံများက ထွက်ပေါ်လာသည်။
"ခရက်"
ကြီးမားသော ဖားပြုတ်ကြီးက ရွှေမြွေကို တဖြည်းဖြည်းချင်း ဝါးမြိုနေရာမှ စူးရှစွာ အော်ဟစ်လိုက်သည်။ သူက မြိုထားပြီးသား အမြှီးနားကို ပြန်အန်ထုတ်လိုက်သည်။ ထို့နောက် နေရာမှ ခုန်ထွက်လိုက်ပြီး ဆုပိုင်၏တိုက်ကွက်ဝန်းကျင် အပြင်ဘက်သို့ ခုန်ရှောင်လိုက်သည်။
"ခူး ခူး ခူး"
သူ၏ပါးကြီးက မြင့်မားစွာ ဖောင်းတက်လာသည်။ သူ၏မျက်လုံးကလည်း စားပွဲတင် တင်းနစ်ဘောလုံး အရွယ်အစားထိ ပြူးထွက်သွားပြီး ဆက်တိုက် လှုပ်ခါလာသည်။ ထိုသို့ဖြင့် ထိုဖားကြီးထံမှတစ်ဆင့် အဖြူရောင်အငွေ့များက ထွက်ပေါ်လာသည်။ ထိုဖားကြီးက အဖြူရောင် အငွေ့တန်းနှစ်တန်းကို မှုတ်ထုတ်လိုက်ခြင်း ဖြစ်သည်။ သူက အလွန့်အလွန် ဒေါသထွက်နေသည်မှာ သေချာသည်။