Part 31

578 98 1
                                    

31 01

အပိုင်း(၃၁)

{ဒီကောင်က တအား ကြမ်းတမ်းတယ်}

{ကောင်းခြင်း၊ဆိုးခြင်း မဝေခွဲတတ်ဘူး ထင်ပါတယ်။ သူတို့က ခွေးရူးလိုပဲ။ ဘာကိုမြင်မြင် ကိုက်ချင်နေတာ}

{ငါဟာ တောက်လျောက်ရယ်နေမိတဲ့ အတွက်တော့ ခွင့်လွှတ်ပေးပါ။ တော်တော်လေးကို ရယ်ရတယ်။ host ရဲ့ ယူကျုံးမရ ဖြစ်နေတဲ့အကြည့်ကို ကြည့်ပါဦး}

{တင်ဆက်သူ.. ငါ မင်းကို ကယ်ခဲ့တာလေ။ ခေါင်းပြားတာ့ကောရေ

ခေါင်းပြားတာ့ကော .. အိုး စကားအရင် ပြောရအောင်။ ကျေးဇူးပဲ }

{ဟား ဟား ဟား ငါ တင်ဆက်သူအတွက် စိတ်မကောင်းဘူး}

{ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် တင်ဆက်သူက တိရိစ္ဆာန်တွေနဲ့ ပြောဆိုဆက်သွယ်နိုင်တာလား။ ဘာလို့ ခေါင်းပြားတာ့ကောက တင်ဆက်သူပြောတဲ့ စကားတွေကို နားလည်တယ်လို့ ခံစားနေတာလဲ}

...

ရေမိတ်ဆွေ တစ်ချို့က ကျယ်လောင်စွာ အော်ရယ်နေကြသည်။ မျက်နှာချင်းဆိုင်ကာ ထိုင်နေကြသော ထိုနှစ်ယောက်ကို ကြည့်ပြီး သူတို့က သဘောတကျ ဖြစ်နေကြသည်။ အထူးသဖြင့် ဆုပိုင်က သူ၏မျက်နှာတွင် ယူကျုံးမရ ဖြစ်နေသော မျက်နှာထားမျိုးကို ပြသနေလေသည်။ ထိုအခြေအနေက လူအများကို ပို၍ရယ်မိစေသည်။

အချိန်က သိပ်မကြာမှီ မှောင်တော့မည် ဖြစ်သည်။ သို့သော် စနစ်ကလည်း တာဝန်ဟာ ပြီးမြောက်ကြောင်း မပြောသေးချေ။ ထို့ကြောင့် ဆုပိုင်က စိတ်ဓာတ်ကျသွားသည်။

ဒါက အံ့အားသင့်မှုအမှတ် တစ်သိန်းတန် တာဝန်နော်။ ဒီလောက် မလွယ်ဘူးပဲ။

"အား"

ဆုပိုင်က သက်ပြင်းချသည်။ သူက ကျောပိုးအိတ်ကို ရှေ့သို့ တိတ်တဆိတ် ယူလိုက်ပြီး ရွက်ဖျင်တဲကို ထုတ်သည်။

"တာ့ကောရေ ဒီနေရာမှာပဲ နေရအောင်"

ဆုပိုင်က ဘေးဘက်ရှိ ပျားရည်ခွေးတူဝက်တူကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရွက်ဖျင်တဲကို စတင်ကာ တည်ဆောက်နေ၏။ မယုံနိုင်စရာ ကောင်းနေသည်မှာ ဒီတစ်ကြိမ်တွင် တစ်ဖက်က အပြည့်အဝ ပူးပေါင်းပေးသည်။ သို့မဟုတ်လျှင် _ _ _

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)حيث تعيش القصص. اكتشف الآن