အပိုင်း (၄)
"ထောက်ခံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"
"ဟား ဟား ဟား ကျေးဇူးပါ ကျေးဇူးပါ"
"အိုး ငါ မင်းကို မတွေ့ရတာတောင် ကြာပြီ အကိုကြီးလီ"
တိရစ္ဆာန်ရုံဝင်ပေါက်ရှိ ချင်တလန်က လာရောက်သော ဧည့်သည်တိုင်းနှင့် လက်ဆွဲနူတ်ဆက်သည်။
ဒီနေ့က နေ့ရက်ကြီးပဲ။
ငွေကြေးအများကြီး သုံးပြီး ပြည်ပက သားရဲတွေကို ဝယ်ယူခဲ့ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ သားရဲပန်းခြံရဲ့ စမ်းသပ်ကာလ ဖွင့်လှစ်တဲ့အချိန် ရောက်သွားတယ်။ အရေးကြီးဆုံး အချက်ကတော့ ချင်ထျန် တိရစ္ဆာန်ဥယာဉ်က နယ်မြေအဆင့် အပြောင်မြောက်ဆုံး ဥယာဉ်တစ်ခုအဖြစ် သတ်မှတ်နိုင်သွားတာပဲ။
ဒီနေ့ သူ့ကို လာရောက်ပြီး ဂုဏ်ပြုစကားပြောကြတဲ့အထဲမှာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ မကသေးပဲ တီဗွီ သတင်းထောက်တွေကတောင် အင်တာလာဗျူးသေးတယ်။ ဒါက ဒီတစ်မြို့နယ်လုံးမှာ ရှိတဲ့ ပထမဦးဆုံးသော ဉာဏ်ရည်မြင့် တိရစ္ဆာန်ရုံပဲ။
ချင်တလန်ကလည်း အနာဂတ်တွင် လက်ဖျားရွှေသီးစေမည့် အခြေအနေကိုပင် စိတ်ကူးယဉ်ကြည့်သေးသည်။
"ဟွန့် ဘာက ကောင်းလဲဆိုးလဲဆိုတာကို နားမလည်တဲ့ပုံပဲ"
သူက လမ်းတစ်ဖက်ခြမ်းမှ ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို ကြည့်ပြီး အေးစက်စွာ နှာခေါင်းရှုံ့၏။
"အဲ့ဒီမှာ တစ်ယောက်မှ ရှိနေမှာ မဟုတ်ဘူး။ ဘဏ်ကလာပြီး ပိတ်သွားတဲ့အထိသာ စောင့်နေလိုက်"
သတင်းထောက်တွေ ရောက်လာပြီ။ ရုတ်တရက် တိရစ္ဆာန်ရုံ ဝင်ပေါက်တွင် ရပ်နေသော လူတိုင်းက အဝတ်များကို သပ်ရပ်အောင် ပြင်လိုက်ကြပြီး ကင်မရာ သယ်လာသော သူများကို ကြည့်ကြသည်။
ခေါင်းဆောင်က ဟန်ချန် ပြည်သူနှင့်သဘာဝချန်နယ်မှ သတင်းထောက်ဖြစ်သည့် ရွှယ်ဟောင်ယွီ ဖြစ်သည်။
"ဟား ဟား သူဌေးချင် တွေ့ရတာ ဝမ်းသာပါတယ်"
ချင်တလန်က အဖားခံနေရင်း သတင်းထောက်နှင့် လက်ဆွဲနူတ်ဆက်သည်။