Part 37

454 98 0
                                    

37 01

အပိုင်း(၃၇)

တရုတ်ပြည်_ _ _

အာဏာအမြင့်ဆုံး တိရိစ္ဆာန် သုတေသန ဌာန

ငါးလွှာရှိ အစည်းအဝေးခန်းထဲတွင် မီးခိုးရောင်ဆံပင်နှင့် လူအိုကြီးတစ်အုပ်က ရှည်လျားသော အစည်းအဝေးစားပွဲကြီးတွင် ထိုင်နေကြသည်။ အရှေ့ဘက်ရှိ ကြီးမားသော ဖန်သားပြင်ကြီးတွင် ရီပို့တစ်ခုကို ပြသနေသည်။

"ဟီး ဟီး"

"ဟား ဟား တပိုင်လာ"

"ရှောင်ကျင်း မင်းက တအားအေးစက်တာပဲ"

ကလေး၏ အော်ရယ်သံက ထွက်လာသည်။

သို့ရာတွင် အစည်းအဝေးခန်းကမူ တိတ်ဆိတ်နေသည်။ လူအိုကြီးများ အားလုံးက သူတို့၏မျက်မှန်ကို တွန်းတင်လိုက်ရင်း ပုံထဲတွင်ပေါ်လာသည့် တိရိစ္ဆာန်များကို မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။ သိပ်မကြာခင် ထိုမြင်ကွင်းက အဆုံးသတ်သွားသည်။

"ဟူး"

သက်ပြင်းချသံက ထွက်လာသည်။

ခေါင်းဆောင်နေရာတွင် ထိုင်နေသော ပိန်ပါးသော လူအိုကြီးက သူ၏ထူထဲသော မျက်မှန်ကို တွန်းတင်လိုက်ရင်း လူတိုင်း၏အရှေ့သို့ တဖြည်းဖြည်းချင်း လှည့်ကြည့်လာသည်။

"အဟွတ် အဟွတ်"

ချောင်းအသာဟန့်ပြီးနောက် အိုမင်းသော အသံက ထွက်လာသည်။

"ဒီမှာ ရှိနေတဲ့ အနိမ့်ဆုံးအဆင့်က ဇီဝဗေဒနယ်ပယ်ရဲ့ ပါမောက္ခတွေပဲ။ စုံစမ်းစစ်ဆေးမှုတွေ အများကြီး လုပ်ပြီးတဲ့နောက်မှာ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံမှာ ပေါ်ထွက်လာတဲ့ အဲ့ဒီတိရိစ္ဆာန်အမျိုးအစား သုံးမျိုးလုံးက အစစ်အမှန်တွေ ဆိုတာကို သိလိုက်ရတယ်။ အရေးကြီးဆုံး အချက်က ပန်ဒါကြီးလို့ ခေါ်တဲ့ သတ္တဝါက အမှန်တကယ် တည်ရှိတယ်"

"ဒဏ္ဍာရီထဲက သံမဏိဇာသားရဲဆိုတာတင် မဟုတ်သေးဘူး"

"စီချွမ်စံအိမ် မှတ်တမ်းတွေအရ ဒီသတ္တဝါက တကယ်ကို မြေကမ္ဘာခေတ်မှာ ရှိခဲ့တယ်။ ဒါပေမယ့် ဒုတိယမြောက် သဘာဝကပ်ဘေး ဆိုက်ရောက်လာ‌တော့ အားလုံးက ဖျက်ဆီးခံခဲ့ရတာပဲ"

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Where stories live. Discover now