39 01
အပိုင်း(၃၉)
မြို့တော်ဝန်ဝမ်နှင့် အခြားသော သူများကို လိုက်ပို့ပြီးနောက် ဆုပိုင်က ရုံးခန်းထဲတွင် ထိုင်ကာ အတွေးနက်သွားသည်။
ဒါက win win အခြေအနေပဲ။
ဒါပေမယ့် ပြဿနာတစ်ခု ရှိနေသေးသည်။
သူက အကန့်အသတ်မဲ့သည့် တိရိစ္ဆာန်များကို ကယ်ဆယ်နိုင်သည်။ သူက တာဝန်ကို ပြီးမြောက် အောင်မြင်သမျှ အတိတ်မှ ဒိုင်နိုင်ဆောများကိုပင် ကယ်ဆယ်နိုင်လေသည်။ သို့သော် လီချန်းရှုခင်းကြည့်နေရာတွင် ထိုတိရိစ္ဆာန်များ အားလုံးကို လွှတ်ထားခြင်းက မဖြစ်နိုင်သေးချေ။
မည်သို့ပင်ဆိုစေ ဒိုင်နိုဆောနှင့် အခြားသော မဟာသားရဲကြီးများကို တူညီသော ပန်းတိုင်တစ်ခုအတွင်း ထည့်ထားလျက် သာမာန် တိရိစ္ဆာန်များနှင့် အတူထား၍ မရချေ။ ထိုသို့ဆိုလျှင် သိပ်မကြာခင် ထိုတိရိစ္ဆာန်များက စားသောက်ခံရပေလိမ့်မည်။
ပို၍ဆိုးသည်မှာ အနာဂတ်တွင် ရေနေသတ္တဝါများက ရောက်လာပေလိမ့်မည်။ ကြီးမားသည့် ငါးပြတိုက်ကြီးကိုလည်း တည်ဆောက်ရန် လိုအပ်နေသေးသည်။ ငါးပြတိုက်က နယ်မြေအများကြီး လိုအပ်နေလေသည်။
သို့ရာတွင် အစိုးရကသာ မရေမတွက်နိုင်သော နယ်မြေပေါင်းများစွာကို ပေးရန်ဆန္ဒရှိစေမူ ဆုပိုင်ကလည်း အလက်လွတ်ခံလိမ့်မည် မဟုတ်ချေ။
"ဟူး"
သူက သက်ပြင်းရှည်ကြီးကို ချသည်။
"အခု အရေးတကြီး လုပ်ရမယ့် တာဝန်နှစ်ခု ရှိတယ်။ ငါတို့တွေ တိရိစ္ဆာန်အမျိုးအစား ဆယ်မျိုးပြည့်အောင် လုပ်ရမယ်။ အဲ့ဒီနောက် တိရိစ္ဆာန်ရုံအသစ်တစ်ခုကို တည်ဆောက်ရမယ်။ အဲ့ဒီနောက်မှာ မွေးမြူလို့ရတဲ့ တိရိစ္ဆာန်တွေကိုလည်း ရီဖက်ရှ်ဖြစ်လာဖို့ မျှော်လင့်ရတာပဲ။ အဲ့ဒီလိုမှ မဟုတ်ရင် ပျားရည်ခွေးတူဝက်တူတွေနဲ့ ရွှေမြွေတွေက သိပ်မကြာခင် ငတ်ပြီး သေသွားလိမ့်မယ်"
ငြီးငြူသံ တစ်ချက်နှင့် ဆုပိုင်က စနစ်၏ဇယားကို ကြည့်ပြီး စစ်ဆေးကြည့်သည်။