Part 32

533 117 1
                                    

32 01

အပိုင်း(၃၂)

"ဟစ် ဟစ် ဟစ်"

ညိုမှောင်နေသော မြွေကြီးက လျှာကို ဆက်တိုက်ထုတ်နေသည်။ မြွေဟောက်ဘုရင်၏ ထို တစ်ကိုယ်လုံးရှိ ကြွက်သားများ တင်းကြပ်ကာ ကျုံ့လာသည်။ သို့သော် ပျားရည်ခွေးတူဝက်တူကို ကြည့်နေသည့် သူ၏အကြည့်ကမူ အများကြီး တည်ငြိမ်နေသည်။ သို့သော် သူက ပျားရည်ခွေးတူဝက်တူကို အသင့်တိုက်ခိုက်မည့် ပုံသဏ္ဌာန်မျိုး ရှိသည်။ တစ်ဖက်မှ ပျားရည်ခွေးတူဝက်တူကမူ အများကြီး တည်ငြိမ်သည်။ သူက ခပ်ရေးရေး ပုံသဏ္ဌာန်မျိုး ရှိနေသေးပြီး ခေါင်းကိုသာ အသာမော့လျက် ရှေ့မှမြွေဟောက်ကို မကြာခဏ ကြည့်နေသည်။

ဆုပိုင်ကလည်း ဂရုတစိုက် ရေပြီး ဘေးဘက်သို့ ခြေဖျားထောက်ကာ သွားလိုက်သည်။

သူ ဒီလိုတိုက်ပွဲမျိုးကို ဝင်ပါလို့ မရဘူး။ ဒါက မြွေဟောက်ဘုရင်လေ။ သူ့ရဲ့အဆိပ်က ထိပ်တန်းအမျိုးအစား နှစ်မျိုးထဲမှာ ပါတယ်။

အဆိပ်ပြင်းမြွေတွေအတွက် ထုံထိုင်းစေတဲ့ သက်ရောက်မှုဆိုတဲ့ ပုံမှန်သက်ရောက်မှု ပါနေရုံတင် မကသေးပဲ ချင်ချင်းလိုလို လဲပြိုကျပြီး သေဆုံးသွားနိုင်တဲ့ ဓာတ်မျိုးတောင် ရှိသေးသည်။

တစ်ချက် အကိုက်ခံလိုက်ရုံနှင့် နာရီဝက်အတွင်း ဖြေဆေးသာ မတွေ့လျှင် သေချာပေါက် သေရပေလိမ့်မည်။

ယခုအခါ သူတွေ့နေရသည်မှာ အတိတ်မြေကမ္ဘာခေတ်တွင်ပင် မြွေဟောက်ဘုရင်၏ အဆိပ်က တန်ကြေးကြီးသည်။ ရွှေရေဟုပင် လူသိများသေး၏။ ထိုအဆိပ်က ကင်ဆာရောဂါကို ကုသရာတွင်လည်း အသုံးဝင်သည်။

သို့သော် ကံဆိုးသည်မှာ ဒီတာဝန်က ပျားရည်ခွေးတူဝက်တူ၏ တာဝန်ဖြစ်နေသည်။ ထို့ကြောင့် မြွေဟောက်ဘုရင်ကို ခေါ်သွား၍ မရနိုင်ချေ။

နောက်ပြီး ပျားရည်ခွေးတူဝက်တူက ကျွမ်းကျင်တဲ့ မြွေအမဲလိုက်သူပဲ။

သူ၏ခန္ဓာကိုယ်က မြွေဆိပ်ပြီးသော ပုံသဏ္ဌာန်မျိုးဖြင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အဆိပ်က မည်မျှ ပြင်းထန်စေကာမူ သူက နှစ်နာရီကြာလျှင် အောင်မြင်စွာဖြင့် ဖယ်ရှားပြီးသား ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် အိပ်စက်ပြီးသော် မည့်သည့် ပြဿနာမှ မရှိနိုင်တော့ချေ။

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Where stories live. Discover now