အပိုင်း(၂၃)
ချင်မြို့တော်...
ကွမ်းရှန်းမြို့...
"လောင်လီ မင်း မနက်စောစော ဘာလုပ်နေတာလဲ"
တံခါးဝတွင် နေပူဆာလှုံနေသော လူအိုကြီးတစ်ယောက် ဘေးဘက်ရှိ ခြံဝန်းထဲမှ စက်ဘီးလေးကို တွန်းထုတ်လာသော လူကြီးတစ်ယောက်ကို လှမ်းကြည့်ရင်း ပြုံးရယ်ကာ ပြောလိုက်သည်။
"အဖိုးကြီးချင်"
လောင်လီက သူ၏စက်ဘီးကို တွန်းလာရင်း အိမ်တံခါးဝရှိ အဖိုးကြီးကို လှမ်းကြည့်ကာ နှုတ်ဆက်သည်။
"ရှောင်ကျောင်း ငါရဲ့နာမည်က ဦးလေးချင်ပါ"
စက်ဘီးအနောက်တွင် ထိုင်နေသာသူက အသက်ခြောက်နှစ်အရွယ် ရှိသည့် ကောင်ငယ်လေး ဖြစ်သည်။ ကောင်ငယ်လေး၏ အမူအရာက အနည်းငယ် ခက်ထိုင်းထိုင်း ဖြစ်နေသည်။
ဦးလေးချင်ကို မော့ကြည့်ပြီးနောက် သူက ခေါငးကိုသာ ခပ်မြန်မြန် ညိတ်သွားသည်။ ထို့နောက် သူ၏ကိုယ်က တုန်ယင်သွားသည်။ မျက်နှာကလည်း ဖြူဖျောနေ၏။ သူက လက်ချောင်းများကိုသာ ဆိတ်နေသည်။
ထိုကောင်ငယ်လေးက အတန်ငယ် ထိတ်လန့်နေပုံရသည်။
"အိုး ဒီကလေးကတော့"
လောင်လီက ကလေးကို ငုံ့ကြည့်ပြီး သက်ပြင်းချသည်။
"သွားတော့ သွားတော့ လမ်းမှာ ဂရုစိုက်ဦး"
လောင်ချင်က လက်ယမ်းပြသည်။ သူက စိုးရိမ်တကြီး မေးမြန်းသေး၏။
"မင်း ဘာလို့ နည်းနည်းလောက် ထပ်မစောင့်တာလဲ။ မင်းရဲ့ကလေးကို အဲ့ဒီကို မောင်းပို့ခိုင်းလို့ ရတာပဲ။ ဒီနေရာက ဟန်ကျိုးနဲ့ ဝေးတယ်လေ"
"မလိုတော့ဘူး"
လောင်လီက မတ်တပ်ထရပ်သည်။ ထို့နောက် စက်ဘီးပေါ် တက်လိုက်ပြီးနောက် အနောက်ဘက်ရှိ မြေးကို ပြောသည်။
"ရှောင်ကျောင်း အဖိုးကို ဖက်ထားနော်။ ငြိမ်ငြိမ် ထိုင်"
"သွားမယ်"
သူက ခေါင်းသာညိတ်ပြီးနောက် ရွာ၏လမ်းမှတဆင့် စက်ဘီးကို ဒုန်းဆိုင်း ထိုးဆင်းသွားသည်။