အခန်း(၇)
"ဟား ဟား ငါတို့ ဒီနေ့ လက်မှတ်သောင်းကျော် ရောင်းလိုက်ရတယ်။ ဒါတောင် မနက်ပိုင်းလေးတင်နော်"
ချင်တလန်က ရုံးခန်းထဲတွင် ထိုင်နေရင်း ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်နေရင်း သဘောတကျ ရယ်နေသည်။ သူ၏ပါးစပ်ကပင် ပါးစပ်တက်ချိတ် မတတ် ဖြစ်နေသည်။
မနက်ဖြန်ဆိုလျှင် ရီပို့များက ထွက်လောက်လေပြီ။ ထိုအချိန်ကျလျှင် ပို၍များပြားသော လူများက ရောက်လာလောက်လေပြီ။
"ဈေးမြှင့်ရမယ့် အချိန်လား"
ချင်တလန်က မျက်မှောင်ကျုံ့ကာ တွေးသည်။ ထို့နောက် ခေါင်းပြန်ခါသည်။
"မဟုတ်သေးဘူး။ ခုနှစ်ရက်တော့ စမ်းသပ်ကာလအဖြစ် ထားလိုက်ဦးမယ်။ စမ်းသပ်ကာလ ပြီးသွားမှပဲ လူကြီးတွေရဲ့ လက်မှတ်ဈေးကို ယွမ်နှစ်ဆယ်လောက် တိုးမြှင့်လိုက်မယ်။ ကလေးတွေရဲ့ လက်မှတ်ဈေးကတော့ ဆယ်ယွမ်တိုးလို့ ရတယ်"
"ဟုတ်တယ် ငါတို့ရှေ့က သေးငယ်တဲ့ အကျိုးအမြတ်ကိုပဲ ကြည့်လို့မရဘူး။ နောက်ပိုင်းမှာ ထပ်ရောက်လာမယ့် တိရိစ္ဆာန်တစ်သုတ်က ရှိနေသေးတယ်။ အဲ့ဒီအခါ တစ်နေ့ကို တစ်သိန်းလောက် ရနိုင်မယ် မဟုတ်လား။ ဒါမှမဟုတ် နှစ်သိန်းလား"
"ဟား ဟား ဟား "
"ဘန်း"
ရုံးခန်းတံခါးက တွန်းဖွင့်ခံရပြီး ဦးစီးက ဝင်လာသည်။
"ဟုတ် မကောင်းတော့ဘူး သူဌေး"
"မင်းက ဘာတွေ အထိတ်တလန့် ဖြစ်နေတာလဲ။ လူတွေ များလွန်းနေလို့လား"
"အလုပ်မဖြစ်ရင်လည်း လူအရေအတွက်ကို ထပ်ပြီး ကန့်သတ်လိုက်လေ။ ဒီအတိုင်း ပန်းခြံရဲ့ စီးပွားရေးနာရီက ဒီနေ့အတွက် နှစ်နာရီ တိုးချဲ့ပေးမယ်လို့ ပြောလိုက်။ ဒါဆိုရင် လူတိုင်းက သားရဲအသစ်ကို ကြည့်နိုင်မှာပဲ"
"မဟုတ်ဘူး သူဌေး ကျွန်တော်တို့ရဲ့ တိရိစ္ဆာန်ရုံထဲက လူတွေအားလုံး အပြင်ထွက်သွားကြပြီ"
ဦးစီး၏မျက်နှာက နီရဲနေသည်။ သူက လက်ထဲမှ လက်မှတ်ကို ဆုတ်ချေနေရင်း ပြောသည်။