Part 28

558 92 1
                                    

အပိုင်း(၂၈)

"ဒါဆိုရင် ဒါရိုက်တာဆုပိုင် ဒီနေ့ ဒီမှာ ရှိလား။ ဘာလို့ သူကို မတွေ့ရတာလဲ"

တုန်းယွဲ့က တုန့်ဆိုင်းသွားသည်။ ဘေးဘီကို ကြည့်သည်။ သို့သော် မည်သူ့ကိုမှ မတွေ့ရသဖြင့် မေးလိုက်သည်။

"ဒါရိုက်တာ ဆုပိုင်နဲ့ ဒီနေ့တော့ မတွေ့လောက်ဘူး ထင်တယ်။ သူ့မှာ အရေးကြီးကိစ္စတစ်ခု ရှိတယ်လို့ ပြောတာပဲ"

"ဒီမှာ မရှိဘူးလား"

"ဒါဆိုရင်လည်း ဒီနေ့ ဒီအတိုင်းပဲ ပရိုဂရမ်ကို လုပ်လိုက်ရအောင်"

တုန်းယွဲ့က သူမ၏ မိတ်ကပ်ကို တစ်ချက် ပြန်ပြင်ကြည့်သည်။ ထို့နောက် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ တစ်နေရာတွင် ရပ်လျက် ကလေးများ၏ မြင်ကွင်းကို ရိုက်ကူးစေလေသည်။

ဒီလောက် ထူးခြားတဲ့ တိရိစ္ဆာန်ရုံ_ _ _ နောက်ပြီး ဒါရိုက်တာ ဆုပိုင်ဆိုတဲ့သူက တစ်ကိုယ်ကောင်းမဆန်တဲ့သူမျိုး ဖြစ်လောက်မယ်။ မဟုတ်ရင် ဒီတိရိစ္ဆာန်ရုံက အခုလိုမျိုး သိုသိုသိပ်သိပ် နေမှာ မဟုတ်ဘူးလေ။

တုန်းယွဲ့ကလည်း ဒီလ ပရိုဂရမ်ကို ဒီတိရိစ္ဆာန်ရုံဝန်းကျင်တွင်သာ ရိုက်ကူးရန် ဆုံးဖြတ်လိုက်သည်။ တစ်တိုင်းပြည်ကလည်း ဒီအကြောင်းအရာကို သိရန် လိုအပ်လေသည်။

ထိုကဲ့သို့သော လူမှုအသိုင်းအဝိုင်းအကြောင်း တာဝန်ယူချင်စိတ် ရှိသောသူ၊ မရေမတွက်နိုင်သော ကလေးပေါင်းများစွာကို ကယ်တင်လိုသော သူက လူကောင်းတစ်ယောက် ဖြစ်သည်။ ထို့အပြင် တစ်တိုင်းပြည်လုံးအနှံ့ စိတ်ကျရောဂါကို ခံစားနရသော ကလေးပေါင်းများစွာ ရှိသေးသည်။ ဒါက သူတို့၏ မျှော်လင့်ချက် ဖြစ်သည်။ သူတို့အသက် ပြန်လည် ဦးမော့နိုင်မည့် မျှော်လင့်ချက်တစ်ခုလည်း ဖြစ်သည်။

ဒါရိုက်တာ မည်သည့်နေရာတွင် ရှိနေသည့် ကိစ္စအတွက်ကမူ တုန်းယွဲ့က မစိုးရိမ်ပေ။ တစ်ချိန်ချိန်ဆိုလျှင် သူမနှင့် တွေ့ရပေလိမ့်မည်။ သူမကလည်း ကောင်းသော အင်တာဗျုးများကို ဖန်တီးရပေမည်။ ထိုထူးဆန်းသော လူအကြောင်းကို သိချင်စိတ် ပြင်းပြနေသည်။

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Where stories live. Discover now