Part 42

397 90 0
                                    

42 01

အပိုင်း(၄၂)

မြောင်

Raccoon ကြောင်လေးက မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လာသည်။ ထို့နောက် ဆုပိုင်ကို သူ၏ အရည်လဲ့နေသော ကြီးမားတောက်ပေသော မျက်ဝန်းမျိုးဖြင့် ကြည့်ကာ နာကျင်သော မျက်နှာထားမျိုး ဖြစ်လာသည်။

"ဟူး"

ဆုပိုင်က အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် ကြောင်လေးကို ဘေးဘက်ရှိ ကူရှင်လေးပေါ်သို့ တင်ပေးလိုက်သည်။

အမျိုးသားက သူ့ဆီ ခပ်မြန်မြန် လျှောက်လာသည်။ သူ၏မျက်ဝန်းက စူးရှနေသည်။

"မင်းက ဒီအဖွားကြီးရဲ့ သားလား"

"မင်းက ဘာကောင်လဲ။ မင်းကို ဘယ်သူက လာခိုင်းလို့လဲ"

ထိုအမျိုးသားက အရှေ့ရှိ လူငယ်ကို နီရဲနေသော မျက်ဝန်းမျိုးဖြင့် ကြည့်သည်။

"ငါက ဒီအတိုင်း ဖြတ်သွားဖြတ်လာပါ"

"ဒါပေမယ့် တိရိစ္ဆာန်တိုင်းက အသက်ရှိတယ်။ မင်း ဒီလိုလုပ်တဲ့အတွက် အပြစ်မကင်းစိတ်ကို မခံစားရဘူးလား"

"နောက်ပြီး ဒီအဖွားကြီးက ဒီမှာ တစ်ယောက်တည်း နေတယ်။ မင်း မျက်လုံးဖွင့်ပြီး သေချာကြည့်စမ်း။ ဒီခြံဝန်း တစ်ခုလုံးက _ _ _ ဒါ သူမရဲ့ နေထိုင်မှု ဘဝပုံစံပဲ"

ဆုပိုင်က ထိုသို့ပြောသည်။ ထို့နောက် ထိုလူ၏လက်ကို ဆောင့်ဆွဲလိုက်ကာ အိမ်ထဲသို့ ဆွဲခေါ်သွားပြီး မဲတူးနေသော ပေါင်မုန့်နှင့် စားပွဲပေါ်မှ အပိုင်းအစများကို ပြသည်။

"မင်းက ကလေးတစ်ယောက် ဆိုရင်တောင်မှ သူမကို ဒီလိုအစားအစာမျိုး ကျွေးသင့်လား"

"အား"

"ပြောစမ်းပါ။ ဒီကြောင်တွေက မင်းကို ဘာလို့ လာခေါ်တယ် ထင်တယ်။ အဖွားကြီးက မင်းကို လွမ်းနေတာကြောင့် မဟုတ်ရင် သူတို့က မင်းကို ဘာကြောင့် ခေါ်မယ်ထင်လဲ။ ကြောင်တွေက အရမ်းကျေးဇူး သိတတ်တဲ့သူတွေ။ မင်းက ဘာကောင်လဲ"

သက်လတ်ပိုင်းလူက မှင်သက်သွားသည်။

စားပွဲပေါ်မှ တစ်ဝက်သာ စားထားသော ပေါင်မုန့်တွင် မှိုများ တက်နေလေပြီ။ စားပွဲပေါ်တွင် ရှိသော အမှုန်အမွှားများကလည်း ရှုပ်ပွနေ၏။ သိသာစွာပင် ရက်ပေါင်းများစွာ စားသောက်ခဲ့ခြင်း ဖြစ်လောက်သည်။ အိမ်တစ်အိမ်လုံးကလည်း ရှုပ်ပွနေသည်။ စားပွဲများ၊ ကုလားထိုင်များကလည်း ယိုယွင်းနေလေသည်။ နံရံများပေါ်တွင်လည်း လူလက်သည်းရာ ကုပ်ရာများ ရှိလေသည်။

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Where stories live. Discover now