34 01
အပိုင်း(၃၄)
"မကောင်းတော့ဘူး"
"မကောင်းတော့ဘူး"
ဒါရိုက်တာလျိုက အပြေးအလွှားဝင်လာသော လူကို ကြည့်ကာ အော်သည်။
"မင်းက ဘာလုပ်နေတာလဲ။ အစည်းအဝေးပွဲ ထိုင်နေတာကို မမြင်ဘူးလား။
"မဟုတ်ဘူး မဟုတ်ဘူး ဒါရိုက်တာ ချင်တုရဲ့ ကမ်းရိုးတန်း ဂိုဏ်းခွဲမှာ _ _ _အဲ့ဒီ အဲ့ဒီဂိုဏ်းခွဲက အလုခံရတယ်။ ဓားစာခံတွေ အများကြီး ရှိနေတယ်။ ကင်းလှည့်တဲ့ အဖွဲ့ဝင်တွေကလည်း ထိပ်တိုက်ရင်ဆိုင်နေကြတယ်။
"ဘယ်လို"
ဒါရိုက်တာလျိုက ကုလားထိုင်မှ လဲကျလုနီးပါး ဖြစ်သွားသည်။
"ဘဏ်ကို လုတယ်ဟုတ်လား။ နောက်ပြီး ချင်တုမှာ"
"မင်းတို့က ဘာရပ်လုပ်နေကြတာလဲ။ မြန်မြန်လေး လူတိုင်းကို အကြောင်းကြားပြီး စုဝေးထွက်ခွာဖို့ ပြင်ဆင်လေ။ ကမ်းရိုးတန်းလမ်း ဂိုဏ်းခွဲကို မြန်မြန်သွားရမယ် မဟုတ်လား။ ဓားစာခံတွေ တစ်ခုခု ဖြစ်စေလို့ မရဘူး"
ထိုသို့ပြောပြီးနောက် သူက အရှေ့မှ မှင်သက်နေသူများကို ကြည့်ကာ အသားကုန် အော်ဟစ်လိုက်သည်။ သူ၏အဆုတ်များကပင် ကွဲထွက်လုနီးပါး ဖြစ်သွားကြသည်။
ဆုံးရှုံးမှု တစ်စုံတစ်ရာသာ ရှိလာခဲ့လျှင် ချင်မြို့တော် တစ်မြို့လုံး၏ လုံခြုံရေး ဒါရိုက်တာ တစ်ယောက် အနေနှင့် သူကသာ တာဝန်ခံရမည်ဖြစ်သည်။
"မြန်မြန် မြန်မြန်လုပ်ကြ"
"ဒီအကောင်တွေက ဘယ်ခေတ်က ရောက်လာတာလဲ။ ဘယ်လို ခေတ်မျိုးမှာမို့လို့ ဘဏ်ကို လုယက်နေရတာလဲ"
ကျိန်ဆဲသံနှင့် ဒါရိုက်တာလျိုက ရုံးခန်းထဲမှ သုန်မူန်သော မျက်နှာနှင့် ခုန်ထွက်သွားသည်။
ထိုမတော်တဆမှုကို အမြန်ဆုံး ဖြေရှင်းရန် လိုအပ်သည်။ သို့မဟုတ်လျှင် မီဒီယာများက သတင်းရသွားပြီး ရီပို့တင်လိုက်လျှင် ချင်တုက သေချာပေါက် ကျော်ကြားသွားပေလိမ့်မည်။ ထိုအကြောင်းအရာကို တွေးမိသော် ဒါရိုက်တာလျိုက နဖူးမှ ချွေးများကို သုတ်သည်။ သူက သေနတ်ကို ခပ်မြန်မြန် ကောက်ယူပြီး လုံခြုံရေး ဌာနထဲမှ ပြေးထွက်လိုက်သည်။