Part 36

455 95 1
                                    

36 01

အပိုင်း (၃၆)

သူက ပြန်ရောက်လာသည့် အချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။ ဆုပိုင်က နှစ်ရက်ဆက်တိုက် အလုပ်များခဲ့သေးသည်။ ထို့အပြင် ဘဏ်လုယက်သည့် အတွေ့အကြုံကိုပင် ပြန်ရခဲ့သေးလေရာ ပြန်ရောက်ပြီးပြီချင်း အိပ်ယာ‌ပေါ်တွင် ပစ်လှဲလျက် အိပ်မောကျသွား၏။

ထို့နောက်_ _ _

"မား သမီးတို့ ဒီခွေးတူဝက်တူကို ဘယ်နေရာမှာ ထားသင့်လဲ"

ဘေဘီ၏မျက်လုံးက ပြူးကျယ်လျက် ခွေးတူဝက်တူလေးကို ချီပွေ့ရင်း တိရိစ္ဆာန်ရုံအနှံ့ လျှောက်သွားကြည့်နေလေသည်။ နောက်ဆုံးတွင်မူ ပန်ဒါ ပန်းခြံအရှေ့တွင် ရပ်သွားသည်။

"ဒါက_ _ _ "

ကောင်းယွဲ့က ငြီးငြူသည်။

ဆုပိုင်ကလည်း ပျားရည်ခွေးတူဝက်တူကို တပိုင်တို့နှင့် အတူထား၍ မရကြောင်း ပြောသွားခဲ့သေးသည်။ သူတို့ကို အတူထား၍ မရချေ။ သီးသန့်ခွဲထားရပေမည်။ ထိုအကြောင်းအရာကို တွေးပြီးနောက် ဘေးဘီကို ကြည့်သည်။ ထို့နောက် ဆုပိုင်၏ရုံးခန်းနားသို့ ‌ရောက်သွားသည်။

"ဒီကောင်လေးကို ရုံးခန်းထဲမှာပဲ ထားလိုက်ရအောင်။ ဒီလိုဆိုရင် အဆင်ပြေမှာပါ"

"ဘေဘီ သွားရအောင်။ ဒီအကောင်လေးကို ဦးလေဆုပိုင်ကိုပဲ ပေးလိုက်လေ။ သမီး အဲ့ဒီနေရာကို ‌ခေါ်သွားပေးလို့ရတယ်"

"ဟုတ်ကဲ့ ကောင်းပြီလေ"

"တပိုင် မနက်ဖြန်မှ တွေ့မယ်"

အတွင်းဘက် မြေပြင်တွင် လှဲနေသော တပိုင်ကို လက်ယမ်းနှုတ်ဆက်ပြီးနောက် ထိုကောင်မလေးက ပျားရည်ခွေးတူဝက်တူလေးကို သယ်ပွေ့ကာ ဆုပိုင် ရုံးခန်းဆီသို့ လျှောက်သွားသည်။

ကောင်းယွဲ့က ဥယာဉ်တစ်ခုလုံးကို စစ်ဆေးပြီးမှသာ ဘေဘီကို ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ အပြင်ဘက်သို့ ခေါ်ထုတ်သွားလေသည်။

ဆုပိုင်ကလည်း ဒီတိရိစ္ဆာန်၏ လုံခြုံရေး ဝန်ဆောင်မှုက အလွန်လွန် အဆင့်မြင့်ကြောင်း ပြောထားပြီးသား ဖြစ်သည်။ ညဘက် တံခါးကို လော့မချခဲ့လျှင်ပင် တိရိစ္ဆာန်များက ခိုးထွက်သွားခြင်း၊ တစ်စုံတစ်ယောက်က ခိုးဝင်လာခြင်း စသော အခြေအနေများကို စိုးရိမ်ရန် မလိုအပ်ကြောင်း ပြောသွားသည်။ ထို့ကြောင့် ကောင်းယွဲ့က တံခါးကို ညင်သာစွာ ပိတ်ပြီးနောက် ကလေးကို ခေါ်သွားသည်။

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Where stories live. Discover now