အပိုင်း(၃၀)
"ကွက် ကွက် ကွက်"
ခေါင်းပြားတာ့ကောက ခုန်ထွက်လာသော အကောင်ကြီးကို ကြည့်သည်။ သူက အမြှီးကို ယမ်းပြီး နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သည်။ သူက သွားကိုဖြဲကာ နှစ်ကြိမ်ခန့် ဟိန်းသေးသည်။ ထို့နောက် ခေါင်းကို မော့လိုက်ပြီး သေးငယ်သော မျက်ဝန်းက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။
"ဘန်း"
မိချောင်းက အမြှီးကို ယမ်းလိုက်ပြီး မြေပြင်ပေါ်သို့ ဘုန်းကနဲ ရောက်လာသည်။ သူက သွေးများ စိုရွှဲနေသော ပါးစပ်ကြီးကို ဖြဲလျက် မြစ်ပေါ်သို့ တစ်လှမ်းချင်းစီ တက်လာသည်။
ဒီကောင် လာပြန်ပြီ။
ထပ်ခါတလဲလဲ ရန်စခံရပြီးနောက် မည်သည့်နည်းနှင့်မဆို ထိုအကောင်ကို ထွက်ပြေးခွင့် ပြု၍မရတော့ချေ။
ဝေါင်း
သူက ခက်ထန်စွာ ဟိန်းဟောက်သည်။
မိချောင်း၏ ခပ်တိုတို ခြေလက်လေးဖက်လုံးက လေများ ဖြတ်တိုက်သွားသလို မြန်ဆန်သည့် အရှိန်နူန်းဖြင့် အရှေ့သို့ ရောက်ရှိလာသည်။
ကွက် ကွက် ကွက်
ပျားရည် ခွေးတူဝက်တူက အတော်လေး သွက်လက်ပြီး မိုက်ရူးရဲဆန်သော်လည်း သူဟာ အလွန်အမင်း ဉာဏ်ကောင်းသည်။ ထို့ကြောင့် မိချောင်းကို မယှဉ်နိုင်ကြောင်း နားလည်သည်။ ပို၍ဆိုးသည်မှာ သူ ဒီနေ့ ဒီနေရာသို့ လာရသည့် ရည်ရွယ်ချက်က သူ၏ခြေလက်များကို ဆန့်ရန်အတွက်သာ ဖြစ်သည်။ ထိုမိချောင်းက ထိုနေရာတွင် ရပ်နေပြီး ကြိတ်ချေခွင့် ပြုထားလျှင်ပင် အပြီးတိုင် ကြိတ်ခြေရန် ခက်ခဲပေလိမ့်မည်။
"ဖွတ်"
ခေါင်းပြားတာ့ကောက ဘယ်ဘက်သို့ ဖြတ်ကနဲ ခုန်လိုက်ကာ ကပ်သီးလေး ရှောင်လိုက်သည်။
ဂါး
သို့ရာတွင် မီးချောင်းကမူ ရုတ်တရက် အမြှီးကို ယမ်းလိုက်သည်။ ထိုအရာက သံမဏိကြာပွတ်တစ်ချောင်းလိုမျိုး ခက်ထန်သည့် ဝေလငါး ဆူးတောင်အဖြစ် ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလို ရိုက်ခတ်လိုက်သည်။