အပိုင်း (၆)
"တင် ရွှယ်ဟောင်ယွီရဲ့ အံအားသင့်မှုအမှတ် ၅၀ ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"
"တင် လျိုလုံထောင်ရဲ့ အံ့အားသင့်မှုအမှတ် ၅၀ ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"
"တင် လီလီရဲ့ အံ့အားသင့်မှုအမှတ် ၅၀ ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"
...
ဆုပိုင်က ခေါင်းညိတ်ပြီးခါစသာ ရှိသေးသည်။ သူ၏စိတ်ထဲတွင် စနစ်၏ အသံများက ဆက်တိုက်ပေါ်လာသည်။ ထိုသို့ဖြင့် တဗြိဗြိအသံများက ထွက်ပေါ်လာ၏။
"အစစ်အမှန်သားရဲ ဟုတ်လား"
ရွှယ်ဟောင်ယွီက မြေပြင်တွင် လှဲနေသော တပိုင်ကို ကြည့်နေသည်။ တပိုင်က နေပူစာ လှုံနေပုံရသည်။ သူ၏ခြေထောက်ကိုပင် လှုပ်နေသေး၏။
ဒါက _ _ _
ကမ္ဘာ့ပထမဦးဆုံး ပြန်လည်ကယ်ဆယ်လိုက်နိုင်တဲ့ သားရဲက ပေါ်ထွက်လာတော့မှာလား။
အဲ့ဒီလောက် ဟန်ချန်းရဲ့ ပြည်သူနဲ့သဘာဝ ချန်နယ်က ဒီသတင်းကို ပထမဦးဆုံး တင်ပြနိုင်တော့မှာပဲ။
"ဟစ်"
သူက ဆက်လက်ပြီး မတွေးရဲတော့ချေ။
ထိုသတင်းကြီးက တစ်ကမ္ဘာလုံးဆိုင်ရာ တုန့်ပြန်မှုမျိုးကို လက်ခံရရှိစေလောက်သည်။ ထို့နောက် တိရစ္ဆာန်များကို လေ့လာသော မြောက်မြားသည့် ပညာသင်သားများနှင့် ပါမေက္ခများပေါင်းစွာက ဟန်ကျိုးသို့ အပြေးလာလောက်သည်။ ထိုအခါ ရွှယ်ဟောင်ယွီ၏ ဂုဏ်သတင်းကလည်း ကျောဇောသွားပေလိမ့်မည်။
"ခင်ဗျားမှာ ဘာကိစ္စများ ရှိလို့လဲ"
ဆုပိုင်က ပြုံးနေရင်း အရှေ့မှ လူတစ်ချို့ကို ကြည့်လိုက်သည်။ မည်သို့ပင် ကြည့်ကြည့် ထိုလူများက စိတ်လွတ်နေပုံပေါ်သည်။ ထို့ကြောင့် သူ ထိတ်လန့်လာရ၏။
"အား ငါတို့က တိရစ္ဆာန်ရုံကို လွှဲပြောင်းပေးဖို့ မင်းကိုလာပြီး ဖြောင်းဖျတာလေ"
ကင်မရာသမားက ကြောင်တောင်တောင် ဖြစ်နေရာမှ လှမ်းပြောလိုက်သည်။ အကြောင်းမူကား သူ့တွင် ကိုင်ထားစရာ ကင်မရာ မရှိသဖြင့် ယောင်ယောင်အအ ဖြစ်နေလေသည်။