Part 9

574 101 0
                                    

အပိုင်း (၉)

ဟန်တုံးသည် ငါးမန်းတိုက်ရိုက် ထုတ်လွှင့်မှုချန်နယ်မှ နောက်တန်းတာဝန်ခံ ဖြစ်သည်။ သူ၏ ပုံမှန်လုပ်ရသည့် တာဝန်ကမူ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းများက စည်းမျဉ်းများကို ဖောက်ဖျက်ခြင်း ရှိမရှိ သို့မဟုတ် နာမည်ကျော်ကြားသော တင်ဆက်သူ အချို့၏ ဂီတများကို ကြည့်ရှုရင်း သူတို့ကို ပျိုးထောင်ကာ စာချုပ်ချုပ်ဆိုရန် ထိုက်တန်ခြင်း ရှိမရှိ စစ်ဆေးရန် ဖြစ်သည်။

"ဟူး ဟူး ဟူး ဟူး"

သူက ပါးစပ်ထဲသို့ နောက်ဆုံးသော အသင့်စားခေါက်ဆွဲ တစ်သုတ်ကို စုပ်ထည့်လိုက်သည်။ ထို့နောက် မတ်တပ်ထရပ်လိုက်ပြီး အမှိုက်ပုံးထဲသို့ ထည့်လိုက်သည်။

"ဟင် "

ပြန်ရောက်လာပြီးနောက် ရုတ်တရက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ရွှေမြွေအပိုင်းအစ တာဝန်ဆိုသော ဒေတာနှင့် အခန်းတစ်ခန်းကို ရှာတွေ့လိုက်သည်။ ထိုအခန်းက ပုံမှန်မဟုတ်ချေ။

"ရွှေမြွေဟုတ်လား"

"ဒီနေ့ခေတ် တင်ဆက်သူတွေက နိုင်ငံရေးတွေကိုသုံးပြီး ဘယ်လိုတိုင်းတိုင်းတာတာ လုပ်ရမလဲဆိုတာကို နားလည်နေတာပဲ"

"ဘုရင်ဆိုတဲ့ စကားလုံးကို တိုက်ရိုက် မသုံးနိုင်တော့ ရွှေမြွေဆိုတဲ့ စကားလုံးကို သုံးထားတာ မဟုတ်ဘူးလား။ ရွှေမြွေဆိုတာက ဘာလဲ"

စစ်ဆေးကြည့်ပြီးနောက် ထိုတိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်မှာ တစ်နာရီပင် မကြာသေးကြောင်း တွေ့လိုက်ရသည်။ သို့သော် ကြည့်ရှုသူ အရေအတွက်က နှစ်ထောင်ထိ ရောက်နေသည်။

သတိထားရမည်မှာ ဒါက ညအချိန်ဖြစ်သည်။ နောက်ကျသည်အထိနေသော အချို့သော ဂိမ်းတင်ဆက်သူအချို့နှင့် အလွန်နာမည်ကြီးသော လူများကလွဲပြီး သာမာန်လူသစ် တင်ဆက်သူများက ဆယ်ယောက်ကျော်ခန့်ကိုပင် ပိုင်ဆိုင်မည်ဆိုလျှင်ပင် အလွန်နာမည်ကြီးနေပြီဟု ဆို၍ရသည်။

နောက်ပြီး ဒါက ဇာတ်လမ်းတိုတွေကို ပြန်ဖွင့်ပြတာမျိုးလား။

ထိုတစ်ယောက်ကို ကြည့်ရှုပြီးနောက် ဟန်တုံး၏အမူအယာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက အလျင်စလို ကလစ်နှိပ်လိုက်သည်။

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Where stories live. Discover now