Part 45

460 92 2
                                    

45 01

အပိုင်း(၄၅)

"တပိုင်"

ဆုပိုင်က ဆေးရုံထဲမှ အလျင်စလို ပြေးထွက်သွားပြီး အသံကြားရာဘက်သို့ ပြေးဆင်းသွားသည်။

အဝေးမှ ကြည့်လျှင် ပထမထပ် စာရင်းသွင်းခန်းမနားတွင် ဝိုင်းနေသည့် လူတစ်အုပ်ကို မြင်ရသည်။ သူတို့က အတွင်းရှိ အော်နေသော တစ်စုံတစ်ရာကို ကြည့်နေပုံရသည်။

"သူဌေး နောက်ထပ် တစ်ကိုက်လောက် ကိုက်ပြီး စားကြည့်ပါဦး။ ငါ ဆယ်ခု ဝယ်လိုက်မယ်။ ဒီကောင်လေးက တော်တော်ချစ်ဖို့ကောင်းတာပဲ။ အဲ့ဒီလိုပဲ လုပ်ရအောင်။ မင်း စားသမျှ အကုန် ငါဝယ်ကျွေးမယ်"

"မင်းက ဝယ်စရာမလိုပါဘူး။ ငါက ပေးမှာပါ။ ငါ ဒီကောင်လေးကို သိတယ်။ သူက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက ငါ့သား သဘောကျတဲ့ တပိုင်လေ။ ဒါနဲ့ သူက ဘာလို့ ‌ဆေးရုံကို လာတာလဲ"

သူက လူအုပ်ကို တိုးဝင်ပြီး အတွင်းသို့ လျှောက်သွားလိုက်သည်။

ထိုအခါ တပိုင်က မြေပြင်တွင် သဘောတကျ လှဲနေကြောင်း မြင်လိုက်ရသည်။ သူ၏ရှေ့တွင် ကြီးမားသော ပန်းကန်လုံးကြီး ရှိနေသည်။ အတွင်းတွင် ပူပူလုံးလုံး ပန်ကိတ်များနှင့် သစ်သီးများကို တွေ့ရသည်။ ထို့နောက် ဘေးဘက်ရှိ ဆိုင်ပိုင်ရှင်က ပြုံးပြီး ပန်ကိတ်များကို လုပ်နေသည်။

"အိုး"

"ဘာလို့ ဝါးမျှစ်တွေ မရှိတာလဲ"

တပိုင်က တစ်ကိုက်ကိုက်ကြည့်ပြီး မျက်မှောင်ကြုတ်သည်။ အရသာက မဆိုးသော်လည်း သူအချစ်ရဆုံး ဝါးမျှစ်ကိုမူ မယှဉ်နိုင်ပါချေ။

သူက မကောင်းသော မှတ်ချက်သာ ပေးလိုသည်။

"တပိုင်"

ဆုပိုင်က သူ့ကို နားရွက်မှ ကောက်မလိုက်သည်။ ထို့နောက် လူတိုင်းကို တောင်းပန်သလို ပြုံးပြီး အပေါ်ဘက်သို့ ခပ်မြန်မြန် တက်ခဲ့သည်။

"ဟေး ဒါက ဒါရိုက်တာ ဆုပိုင် မဟုတ်လား။ သူက ဘာလို့ ‌ဆေးရုံကို ရောက်နေတာလဲ"

"ဟား ဟား တိရိစ္ဆာန်တစ်ကောင် ကျန်းမာရေး မကောင်းတာလို့ ကြားတာပဲ။ ဒါကြောင့် တစ်ချက်လာကြည့်တာပါ"

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Where stories live. Discover now