Part 2

734 125 1
                                    

အပိုင်း (၂)

"ဆုပိုင် ငါ မင်းကိုပြောမယ်။ မင်း ဒီတိရစ္ဆာန်ရုံကို မရောင်းချင်ရင် ဘဏ်ကလာပြီး ပိတ်သိမ်းသွားတဲ့အထိ စောင့်နေလိုက်"

"ဘာတွေများ ဂေါက်နေလဲ။ ဘာကကောင်းတယ် ဘာက ဆိုးတယ်ဆိုတာကို နားမလည်တဲ့အကောင်ပဲ။ ပုတ်ပွနေတဲ့ တိရစ္ဆာန် ငါးကောင်ကိုပဲ ရှိတာကိုများ တိရစ္ဆာန်ရုံလို့ ခေါ်ထိုက်သလား"

"မင်းက ထိန်းသိမ်းစောက်ရှောက်ခတောင် မပေးနိုင်တာ ဟွန့်။ ရက်အနည်းငယ်ထိ ဘယ်လောက်ခံမလဲ ကြည့်ရသေးတာပေါ့"

ချင်တလန်က အော်ဟစ်ကာ ကျိန်ဆဲနေသည့်တိုင်အောင် ဆုပိုင်က လစ်လျူရှုကာ ရှေ့သို့ လျှောက်သွားပြီး တိရစ္ဆန်ရုံအတွင်းရှိ သူ၏နေထိုင်ရာသို့ တဖြောင့်တည်း သွားလိုက်သည်။ ထိုနေရာကို နေထိုင်ရာနေရာဟု ဆိုသော်လည်း မူလရုံးခန်းဟုသာ ဆိုသင့်သည်။ အိမ်ကို အပေါင်ထားပြီးနောက် ဆုပိုင်က ရုံးသို့ ပြောင်းရွှေ့ခဲ့သည်။ ဒီနည်းအားဖြင့် ပိုက်ဆံအကုန်အကျ သက်သာလေသည်။

ဆုပိုင်က စိုးရိမ်စိတ်ကြီးစွာဖြင့် ရုံးခန်းအတွင်းသို့ လျှောက်ဝင်လိုက်ကာ ကုလားထိုင်တွင် ထိုင်ချလိုက်သည်။

"စနစ်"

ငါက ဒီနေရာကို ဝိဉာဉ်ကူးပြောင်းလဲမယ်လို့ မထင်ထားမိဘူး။ နောက်ပြီး စနစ်တစ်ခုကိုတောင် အသက်သွင်းနိုင်သွားသေးတယ်။ နောက်ပြီး ဆိုးတာက ဒါက နတ်ဘုရားအဆင့် တိရစ္ဆာန်ရုံစနစ် ဖြစ်နေတယ်။ ဒါက ဘာလုပ်လို့ရလဲ။

ရုတ်တရက် သူ၏အရှေ့တွင် ထူးဆန်းသော အလင်းဖန်သားပြင်တစ်ခု ပေါ်ထွက်လာသည်။ အမျိုးမျိုးသော လုပ်နိုင်စွမ်းရည်များကိုလည်း အထက်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။

နတ်ဘုရားအဆင့် တိရစ္ဆာန်ရုံစနစ်

Host : ဆုပိုင်

ခွန်အား.. ၆(အရပ်ပုပြီး အားနည်းတယ်)

အရှိန်နူန်း.. ၇( အပြေးတတ်လွန်းတဲ့ နောက်ဆုံးအဆင့် ကင်ဆာ)

စိတ်စွမ်အား.. ၁၃( စိတ်သဘောထား ရိုးရှင်းတဲ့သူ)

{လက်ရှိတိရစ္ဆာန်ရုံရဲ့ နယ်မြေက စတုရန်းမီတာ နှစ်ထောင်ဝန်းကျင်ခန့် အတွင်းပါ။ လက်ရှိတိရစ္ဆာန်မှာ: 0}

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Where stories live. Discover now