Part 26

533 98 0
                                    

အပိုင်း (၂၆)

"ဟယ်လို ကြည့်ရှု့သူ မိတ်ဆွေတို့"

OL ယူနီဖောင်းကို သေသပ်စွာ ဝတ်ဆင်ထားသော သတင်းထောက် အမျိုးသမီးက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံဝင်ပေါက်တွင် ရပ်လျက် သူမအရှေ့ဘက်ရှိ ကင်မရာကို နှုတ်ဆက်လိုက်သည်။

"ငါတို့က အချစ် ပရောဂျက်ပရိုဂရမ်ကလေ"

"ဒီနေ့ ငါတို့က အထူးအခမ်းအနား အနေနဲ့ စိတ်ကျရောဂါကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားနေရတဲ့ အမျိုးမျိုးသော အသိုင်းအဝိုင်းက ကလေးငယ်တွေနဲ့ ပက်သက်တဲ့ အစီအစဉ်တစ်ခုကို တင်ဆက်သွားမှာပါ"

"သူတို့က သူတို့ရဲ့စိတ်ကျရောဂါကြောင့် မူကြိုလည်း သွားလို့မရနိုင်သလို အခန်းထဲမှာ တစ်ချိန်လုံး နေနေကြရတယ်။ နောက်ပိုင်း တစ်ရက်လုံး ကျောင်းစာကို မလေ့လာနိုင်တဲ့ အခြေအနေမျိုးတွေတောင် ရှိတယ်"

"သူတို့ရဲ့ နှလုံးသားက ပိတ်နေတာ။ အပြင်လူတွေနဲ့လည်း ဆက်သွယ်နိုင်စွမ်းအား မရှိတော့ဘူးလေ"

သူမက ထိုသို့ပြောနေရင်းမှ သတင်းထောက် အမျိုးသမီး၏ မျက်ဝန်းက မျက်ရည်များ စိုလာသည်။ သူမအသံကပင် တုန်လာ၏။

"အရင်ရှိုးမှာ ပါခဲ့တဲ့ မိန်းကလေး သုန့်သုန့်ကို မှတ်မိသေးတယ် မဟုတ်လား။ ကံဆိုးစွာနဲ့ ဒီအပတ် မနေ့ည တင်္နလာနေ့ ညနက်ပိုင်းမှ သုန့်သု့န်က မိသားစုဝင်တွေ အိပ်ပျော်နေတဲ့အချိန်မှာ အဆောက်အဦးပေါ်က ခုန်ချသွားခဲ့တယ်"

"ဟူး"

"ဒီနေ့ ငါတို့တွေ ဒီတိရိစ္ဆာန်ရုံကို ရောက်နေတာ"

"ပြောကြတာက ဒီတိရိစ္ဆာန်က အဲ့ဒီသတ္တဝါတွေက စိတ်ကျရောဂါကို ခံစားနေခဲ့ရတဲ့၊ သူတို့ရဲ့ နှလုံးသား တံခါးကို ပိတ်ထားတဲ့ ကလေးငယ်တွေကို မြန်မြန်သက်သာလာအောင် ကူညီပေးနိုင်တယ်တဲ့"

"ချင်တုက ကလေးသူငယ် ကျန်းမာရေး ထိန်းသိမ်းစောက်ရှောက်ရေး စင်တာက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံနဲ့ ရေရှည် စာချုပ်ချုပ်ဆိုထားတယ်။ ဒီထူးခြားတဲ့ ကလေးတွေကို ပြန်လည်သက်သာလာအောင်၊ အမြန်ဆုံး ပုံမှန်ဘဝနဲ့ နေနိုင်အောင် ကူညီပေးဖို့ အကြံအစည်တစ်ခုကို ချခဲ့တယ်"

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Where stories live. Discover now