အပိုင်း(၁၈)
{ဟား ဟား ဟား ဒါက ဒီညရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုလား}
{တိုက်ရိုက် ထုတ်လွှင့်မှုထဲမှာ မျောက်တွေ ပါလာတာပဲ။ ဒါပေမယ့် တင်ဆက်သူ ဒါက ဘယ်လိုအမျိုးအစားလဲ}
{သေစမ်း ဒီနေရာက ရှုခင်းက ဘာမှတော့ ပြောစရာ မရှိဘူး။ သုခံဘုံလိုပဲ။ နေ့အချိန်ပဲ ရှိနေသေးတာတောင်မှ တော်တော်လေးကို နေထိုင်လို့ကောင်းတဲ့ ပုံစံမျိုး ဖြစ်နေတာပဲ}
{စကားပြောမနေနဲ့တော့။ ငါ နှစ်ရက်လုံးလုံး စောင့်နေတာ။ တင်ဆက်သူ နောက်ဆုံးတော့ တိုက်ရိုက်ထုတ်လွှင့်ပြန်ပြီ။ ငါ စိတ်လှုပ်ရှားလို့ သေတော့မယ်}
{သတိထား မျောက်တွေ လာနေပြီ}
{တင်ဆက်သူက နောက်ဆုံးတော့ အွန်လိုင်းတက်လာပြီပဲ။ ငါတို့ ညီအစ်ကိုတွေအားလုံး စုစည်းနေကြပြီ။ တင်ဆက်သူနဲ့ မျောက်တွေ ဘာပြောမလဲ ဆိုတာကို စောင့်ကြည့်ကြရအောင်။ အားလုံးပဲ အသင့်ပြင်ထားကြ}
...
ဆုပိုင်က သစ်ပင်ပေါ်မှ ကြောင်တောင်တောင် ပုံစံမျိုးဖြင့် ဆင်းလာသော အချိန်တွင် စနစ်၏ တိုက်ရိုက်ထုတ်လွှင့်မှုက တစ်ချိန်တည်းလိုလို စတင်ပြီ ဖြစ်သည်။ သို့သော် နာမည်ကမူ မျောက်တိုအပိုင်းအစ တာဝန်အဖြစ် ပြောင်းသွားသည်။
ဟန်တုံးကလည်း နှစ်ရက်လုံးလုံး နောက်ကွယ်မှ စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်သည်။ ပို၍ဆိုးသည်မှာ သူကလည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ အချက်အလက်များမှ တဆင့် ဆက်သွယ်၍ မရနိုင်သေးချေ။ ထို့ကြောင့် ကွန်ပျူတာရှေ့တွင် နေ့တိုင်းလိုလို စောင့်နေခဲ့ရသည်။ ကံကောင်းသည်မှာ နောက်ဆုံးတွင် တစ်ဖက်က ပြန်လည် တိုက်ရိုက်ထုတ်လွှတ်လာပြီ ဖြစ်သည်။
"ငါ ငါ့ရဲ့ကြီးကြပ်သူဆီ သွားပြီး တင်ပြရမယ်။ ဒီညတော့ ကောင်းကောင်း လုပ်ဆောင်ရမယ်"
ဟန်တုံးက အော်ဟစ်လိုက်သည်။ ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်းသို့ လှည့်ဝင်လိုက်၏။
"ဟင်း လူတွေက ဘာလို့ ဒီလောက်ထိ များနေရတာလဲ"
ဖန်သားပြင် ထိပ်ပိုင်းတွင် ဆက်တိုက်မြင့်တက်လာနေသော ကြည့်ရှုသူ အရေအတွက်ကို ကြည့်နေပြီး သူက တအံ့တဩ အော်လိုက်သည်။ သူ မှတ်မိတာမှန်မယ်ဆိုရင် ပထမဦးဆုံးနေ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အချိန်က တစ်သောင်းတောင် မကျော်ဘူး မဟုတ်လား။ ဒါပေမယ့် ဒုတိယတစ်ခေါက် တိုက်ရိုက်ထုတ်လွှင့်တော့ သုံးသောင်းအထိ တိုက်ရိုက်ခုန်တက်သွားတယ်ပေါ့။