Part 19

506 97 0
                                    

အပိုင်း(၁၉)

"ငါ ဘယ်လိုလုပ်ရမလဲ"

ဆုပိုင်က ချုံပုတ်များ အနောက်တွင် ပုန်းလျက် ခြေထောက်တွင် ချည်ထားသော ဓားမြှောင်ကို ဆွဲထုတ်ယူလိုက်သည်။ သူ၏နဖူးတွင် ချွေးစေးများ ပျံလာလေသည်။

မမျှော်လင့်ထားပဲ ဒီတစ်ကြိမ် တာဝန်က အရမ်းကို အန္တရာယ် များလွန်းနေတယ်။

နောက်ပြီး ဒါက ကျူးကျော်လာသူ ဖြစ်နေတယ်။ အတိတ်တွင် ထိုကဲ့သို့သော ကျူးကျော်သူများ၏ လက်အတွင်း သေခဲ့သော မရေမတွက်နိုင်အောင် မြားပြားသည့် တိရိစ္ဆာန်များ ရှိသည်။

ထိုတစ်ဖွဲ့က လူသားဆန်မှု အကြောင်းအရာကို မသိချေ။ သူတို့က ရက်စက်စွာ သတ်ရုံသာ မကသေးလေပဲ ထိုတိရိစ္ဆာန်များကို ရောင်းချသည်။ တရားမဝင် တိရိစ္ဆာန်ရုံများအတွင်းသို့ တိရိစ္ဆာန်ပေါင်း များစွာကို ထောက်ပံ့ပေးတတ်သေးသည်။

သေးငယ်သော အကျိုးအမြတ်အတွက်နှင့် သူတို့က တိရိစ္ဆာန်ဟာ မည်မျှ ရှားပါးကြောင်း မသိချေ။ ဒါကြောင့် ဂရုမစိုက်ကြချေ။ နောက်ဆုံးတစ်ကောင်တည်းသာ ကျန်လျှင်ပင် အကျိုးအမြတ် လုံလောက်သမျှ တစ်ဖွဲ့လုံးက သားသတ်သမား၏ ဓားကို မြှောက်ရန် တုံ့ဆိုင်းနေကြမည် မဟုတ်ချေ။

"စိတ်အေးအေးထား ဆုပိုင်။ မင်း စိတ်အေးအေး ထားရမယ်"

လေးလံသော အသံနှင့် ခပ်တိုးတိုး ရေရွတ်ပြီးနောက် ဆုပိုင်က ချုံပုတ်အနောက်ဘက်ရှိ သစ်ပင်ရှိရာသို့ ခပ်ဖြည်းဖြည်း ရွှေ့သွားလိုက်သည်။

ထိုလူတစ်ဖွဲ့က မျောက်တိုများကို လာဖမ်းခြင်း မဟုတ်ရန် မျှော်လင့်မိ၏။ အကယ်၍ သူတို့က မျောက်တိုများအတွက် လာရောက်ခြင်းသာ ဆိုလျှင် အခွင့်အရေး ရှိပေလိမ့်မည်။

မျောက်တိုများ၏ အလောင်းများက တန်ကြေးမဲ့သည်။ ထို့ကြောင့် ကျုးကျော်သူများကလည်း အရှင်ဖမ်းချင်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ထိုမျောက်တိုများကို ဆပ်ကပ်အတွက် ရောင်းချခြင်း ဖြစ်စေ၊ စားပွဲပေါ်တွင် တည်ခင်းရန်အတွက် ဖြစ်စေ အသက်ရှိ မျောက်တိုက ပို၍ တန်ကြေးမြင့်ပေလိမ့်မည်။

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Where stories live. Discover now