အပိုင်း(၂၄)
"ဒါက ..."
လိုက်ဖမ်းနေသော ကလေးတစ်အုပ်ကို ကြည့်ရင်း လောင်လီက ထိုနေရာတွင် မှင်သက်စွာ ရပ်နေမိသည်။
"ဒါက တိရိစ္ဆာန်ရုံလား။ ဘာလို့ ကစားကွင်းနဲ့ တူနေတာလဲ"
"ရှောင်ကျောင်း အဖိုးက သားကိုခေါ်ပြီး တိရိစ္ဆာန်တွေကို သွားကြည့်မယ်နော်"
သူက မြေးဖြစ်သူကို ငုံ့ကြည့်လိုက်သောအခါ ထိုကောင်ငယ်လေးက သုံးဘီးများ စီးနေသော မျောက်များကိုသာ ကြည့်နေကြောင်း တွေ့လိုက်ရသည်။
သူ၏ မျက်ဝန်းများက တောက်ပကာ ကြည်လင်လာသည်။
"ငါ သွားချင်တယ်"
" သား ဘာပြောလိုက်တာလဲ"
လောင်လီက ထိုကလေးကို ရှေ့သို့ ဆွဲပို့သွားတော့မည့် အချိန်တွင် သူ မကြားရသည့်မှာ ကြာပြီဖြစ်သော အသံကို ကြားလိုက်ရသည်။
"သားက ဒီကလေးတွေနဲ့ သွားဆော့ချင်တာလား"
လောင်လီ၏ အသံက တုန်ယင်သွားသည်။ ထိုကောင်ငယ်လေးနှင့် ပက်သက်သည့် ယခုလို အခြေအနေမျိုးကိုလည်း မမြင်ဖူးချေ။ ဒါက ...
"ကျွီ ကျွီ ကျွီ"
ရုတ်တရက် အနီရောင်သုံးဘီးကို နင်းလာသည့် မျောက်တိုတစ်ကောင်က ဘေးဘက်တွင် ရပ်သွားသည်။ သူက သုံးဘီးပေါ်မှ ခုန်ဆင်းလာပြီး ထိုကောင်ငယ်လေးကို ဆွဲကာ ပြေးသွားသည်။
"ဟေး ရှောင်ကျောင်း"
လောင်လီက အံဩသွားပြီး နောက်မှ အသည်းအသန်လိုက်သည်။
"အဖိုးကြီး လိုက်စရာမလိုဘူး။ ဒီကလေးတွေက လုံခြုံပါတယ်"
ရုတ်တရက် လက်မှတ်ရောင်းသော ကောင်ငယ်လေးက ဘေးဘက်သို့ ရောက်လာပြီး ပြုံးကာ ပြောသည်။
"ကျွန်တော်က ဆုပိုင်ပါ။ ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ ဒါရိုက်တာပေါ့။ ဒါက ခင်ဗျားရဲ့ မြေးလား"
"အရာအားလုံး အဆင်ပြေရဲ့လား"
လောင်လီက ထိုလူငယ်၏ နွေးထွေးသော အပြုံးကို ကြည့်ရင်း ဆော့ကစားနေကြသည့် ကလေးများကို ကြည့်ကာ စိတ်အေးသွားသည်။