အပိုင်း(၂၁)
"အား"
"ဝူး ဝါး ဝူး ဝါး ဝူး ဝါး ဝူး ဝါး ဝူး ဝါး ဝူး ဝါး ဝူး ဝါး"
ဆုပိုင်က ထိုလူသန်မာကြီး၏ လက်ထဲမှ ပြောင်းတိုသေနတ်ကို ဖမ်းလုလိုက်ပြီး သူ၏ဓားမြှောင်ကို သုံးလျက် တိုက်ခိုက်သူ၏ လည်ပင်းကို ခပ်တင်းတင်း ဖိထားလိုက်သည်။
သူက တစ်ဖက်သူ ပြောနေသည့် ဘာသာစကားကို နားမလည်သည့်တိုင်အောင် ဓားမြှောင်ထံမှ အေးစက်မှုအရ ထိုရုရှားအမျိုးသားက တုန်ယင်သွားလေသည်။
"မျောက်တိုဘုရင် ဆင်းလာတော့"
ထိုလူသန်မာကြီး၏ ဆံပင်ကို ဆက်တိုက်ဆုပ်ဖြဲနေသည့် မျောက်တိုဘုရင်က တွန့်ဆုတ်စွာဖြင့် အောက်သို့ ဆင်းလာသည်။
"ထွီ"
ဆုပိုင်၏ မျက်လုံးက မှေးကျင်းသွားသည်။ ထိုလူသန်မာကြီး၏ ပေါင်းကို ထက်ရှသော ဓားဖြင့် တစ်ချက်ထိုးစိုက်လိုက်သောအခါ သွေးများက ပန်းထွက်လာသည်။
"အား"
အော်သံက ထွက်လာသည်။
ဓာတ်မီးကို ကောက်ယူလိုက်ပြီးနောက် ရှေ့မှထိုလူ၏ မျက်နှာကို ဂရုတစိုက်ကြည့်လိုက်သည်။ ထို့နောက် ဆုပိုင်က ငုံ့ကိုင်းလိုက်ပြီး လူ၏အဝတ်တိုင်းကို ဆွဲချွတ်သည်။
"ဟွန့်"
"သွားရအောင်"
မြေပြင်တွဲ လှဲကာ အော်ဟစ်နေသည့် ထိုကျူးကျော်သူကို ကြည့်နေသည့်အချိန်တွင် ဆုပိုင်ထံတွင် မည်သည့် သနားညှာတာသည့် ခံစားချက်ကိုမှ မခံစားရချေ။ သူက ကြင်နာလွန်းသည်ဟုပင် ခံစားရသေးသည်။ ထိုလူက မျောက်တိုပေါင်းများစွာကို ပစ်သတ်ခဲ့သည်။ သူကမူ ပေါင်ကို ဓားဖြင့်သာ ထိုးထားခဲ့၏။ ဒါက ဈေးပေါလွန်းနေသေးသည်။
သို့ရာတွင် အပြင်ဘက်တွင်လည်း နောက်ထပ် ကျူးကျော်သူနှစ်ယောက် ရှိနေသေးသည်။ သူတို့တွင်လည်း ပြောငးတိုသေနတ်များ ပါသည်။ ဒီနေ့ သူက ထိုကျုးကျော်သူများကို သင်ခန်းစာ ပေးမည်ဖြစ်သည်။ သူတို့က မည်သည့်နည်းနှင့်မျှ ပြန်လာပြီး မကျူးကျော်နိုင်တော့အောင် လုပ်ရပေမည်။