Part 22

559 96 0
                                    

အပိုင်း(၂၂)

"အိုး"

ဆုပိုင်က ခက်ထန်သော မျက်နှာမျိုးနှင့် မြေပြင်တွင် လှဲနေသော တပိုင်ကို ကြည့်သည်။ ထို့နောက် ရှေ့သို့ တစ်လှမ်းတိုးသွားရန် ကြိုးစားသည်။

မမျှော်လင့်ထားစွာပင် တပိုင်က အသားကုန် ကုန်းအော်သည်။ ထို့နောက် သူ၏ အနောက်ဘက်မှ မျောက်ဝံတစ်အုပ်ထံ ခုန်ဝင်သွားသည်။

"ကျွီ ကျွီ "

မျောက်ဝံဘုရင်ကလည်း ချက်ချင်းဆိုသလို ဒေါသပေါက်ကွဲသည်။ ထို့နောက် ဝိုင်းဖြစ်လာသော အခြေအနေကမူ ဆုပိုင်၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားသည်။

ပန်ဒါတစ်ကောင်က မျောက်တိုတစ်အုပ်နှင့် တိုက်ခိုက်နေသည်။

ဒါက ...

ပန်ဒါ ဥယာဉ်အတွင်း ပတ်ပြေးနေသော နှစ်ဖွဲ့ကို ကြည့်နေရင်း ဆုပိုင်က ခပ်မြန်မြန် သွားတားသည်။

ဒါက ဘယ်လို အခြေအနေလဲ။

ဒီသတ္တဝါ နှစ်ကောင်ကြားမှာ ငြိမ်းချမ်းရေး ရအောင် ယူနိုင်ဖို့ ဖြစ်နိုင်ပါဦးမလား။ ဘာလို့ သူတို့က တွေ့တာနဲ့ ချက်ချင်းတိုက်ခိုက်နေကြတာလဲ။

"မတိုက်ခိုက်ကြနဲ့တော့"

ဆုပိုင်က ကျယ်လောင်စွာ အော်ဟစ်သည်။ မျောက်တိုဘုရင်က ကြောင်အသွားပြီး ချက်ချင်းလိုလို ရပ်သည်။


"အိုး"

သို့ရာတွင် တပိုင်က မရပ်ချေ။ သူက အော်ဟစ်ပြီး ခုန်ဝင်လာပြန်သည်။

ဘန်း ဘန်း ဘန်း

သူက မျောက်တိုဘုရင်၏ ဖင်ကို ခပ်ကြမ်းကြမ်း ရိုက်ချသည်။ ထို့နောက် မျောက်တိုဘုရင်ပေါ်တွင် ဂုဏ်ယူသော မျက်နှာထားမျိုးဖြင့် တက်ထိုင်သည်။

ဟွန့်

မင်းက ငါ့ရဲ့ပိုက်နက် နယ်မြေကို လာခိုးရတယ် ဟုတ်လား။ အခု ဘယ်သူက အင်အားကြီးလဲ မြင်ပြီလား။

"ကျွီ ကျွီ "

မျောက်တိုဘုရင် ဒေါသထွက်သွားသည်။ သူက မျက်မှော်ကိုကြုတ်ကာ အသားကုန်အော်သည်။ သူက ရုန်းကန်လိုသည်။ သို့သော် ...

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Tahanan ng mga kuwento. Tumuklas ngayon