44 01
အပိုင်း(၄၄)
ဒေါက်တာဟွားက သူ၏ပန်းကန်ထဲမှ ဆန်ပြုတ်များကို တစ်ချက်တည်းနှင့် အဆုံးသတ်လိုက်ပြီးနောက် ကုလားထိုင်ပေါ်တွင် ထိုင်ကာ အနားယူနေသည်။
ခုံစောင်းပေါ်မှ မှန်များအောက်တွင် ရှင်းလင်းပြီးနောက် သူက ဒီနေ့အလုပ်ကို စတင်တော့မည် ဖြစ်သည်။ သူက ဟန်ချန်းအများပိုင် ဆေးရုံ၏ အရေးပေါ် ခွဲစိပ်ဌာနမှ တာဝန်ကျ ဆရာဝန် ဖြစ်သည်။
သူက နေ့တိုင်းလိုလို တစ်နာရီ စောစောလာသည်။ ထို့နောက် မနက်စာ စားသည်။ ထို့နောက် အသင့်ပြင်၏။ ထို့နောက် အပြင်ဘက်မှ ဆွေးနွေးညှိနိူင်းကောင်တာကိုလည်း လူနာများကို ဝင်ခိုင်းရန် အကြောင်းကြားသည်။
"ရှောင်းလျို လူနာကို ဝင်ခိုင်းလိုက်တော့"
ရှောင်းလျို
အချိန်အတန်ကြာအောင် နေသည်တိုင်အောင် မည်သည့်တုန့်ပြန်မှုမှ မလာချေ။
ဒေါက်တာဟွားက မျက်မှောင်ကြုတ်လိုက်သည်။
"ဒီကောင်မလေးက ဖုန်းဆော့နေပြန်ပြီ ထင်တယ်"
သူမက အထွန့်တက်လိုက်ပြီး ကုလားထိုင်မှ ထရပ်သည်။ ဌာန၏ တံခါးဝသို့ ရောက်လာပြီး အပြင်ဘက်သို့ တစ်ချက်ကြည့်သည်။
လျှောက်လမ်းတစ်ခုလုံးက လူရှင်းနေသည်။ လူနာတစ်ယောက်မှ မရှိပေ။
"ဘာတွေဖြစ်နေတာလဲ"
ဒေါက်တာဟွားက စိတ်ရှုပ်သွားသည်။
မနက်တိုင်းလိုလို မနက်စာ စားပြီးတိုင်းလိုလို လူနားတန်းရှည်ကြီးက အပြင်ဘက်တွင် ရှိနေတတ်သည်။ ဒီနေ့တွင်မူ တစ်ယောက်မှ ရှိမနေချေ။
တာဝန်ကျသော နပ်စ်မနှင့် အစောင့်များကပင် ပျောက်နေသည်။
"ခရက် ခရက်"
ရုတ်တရက် လျှောက်လမ်းတစ်ဖက်ထောင့် အစွန်းနားမှ အလျင်စလို လှမ်းလာသော ခြေလှမ်းသံများကို ကြားလိုက်သည်။ ထို့နောက် အပြေးလာသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူ၏အနောက်တွင်လည်း မရေမတွက်နိုင်အောင် မြောက်များသည့် လူပေါင်းများစွာပါသည်။ အားလုံးက လူနာများ၊ သူနာပြုများ ဖြစ်သည်။