Part 3

633 110 1
                                    

အပိုင်း (၃)

"တပိုင် မင်း ထိုင်နေတာလား"

ဆုပိုင်က တပိုင်၏ အမွှေးများ ဖြာထွက်နေသော လည်ပင်းနားလေးသို့ လက်ကို အသာကောက်ဖိလိုက်ရင်း ကောက်မလိုက်သည်။

ထို့နောက် တပိုင်၏ ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးကြည့်သည်။ သူက အရင်ဆုံး သွားများကို စစ်၏။

စနစ်ကြောင့် ဆင့်ခေါ်နိုင်ခဲ့သော ထိုပန်ဒါကြီး၏ အသက်ခန့်မှန်းချေက ငါးနှစ်ဝန်းကျင် ဖြစ်နိုင်သည်။ ထို့ကြောင့် အရွယ်ရောက် ပန်ဒါကြီး ဖြစ်သည်။ ဆုပိုင်ကလည်း သူ၏အလေးချိန်က ၁၂၀ ကီလိုဂရမ်တော့ဖြင့် ရှိနိုင်မည်ဟု ခံစားမိသည်။

"ဆုတ်ဖြဲရမယ်"

တပိုင်က သူ၏အရှေ့မှ လူကို မျက်လုံးကြီးများဖြင့် ကြည့်သည်။ ထို့နောက် ပါးစပ်ကြီးကို ဟရင်း ဆုပိုင်၏ အင်္ကျီကော်လံကို ခပ်တင်းတင်းကြပ်ကြပ် ကိုက်ဆွဲသည်။ ရုတ်တရက် ...

"မင်း"

ဆုပိုင်ကလည်း ဆုတ်ဖြဲခံလိုက်ရသည့် အင်္ကျီကို ကြည့်သည်။ သူ၏မျက်နှာတွင် ကြောင်အမှုက အထင်းသားပေါ်နေသည်။

"မင်းက နိုင်ငံ့ရတနာနော် မင်းကို ရန်စလို့ မရဘူး မင်းကို ရန်စလို့ မရဘူး"

တပိုင်က သူ့ရဲ့အဝတ်များကို ဆွဲဖြဲသွားသည်။ ဆုပိုင်ကမူ တပိုင်ကို လက်မောင်းထဲတွင် ပွေ့ဖက်ထားပြီး မြေကြီးပေါ်တွင်သာ ထိုင်နေရလေသည်။ ယခုအခါ သူ့တွင် ပန်ဒါကြီး ရှိလာပြီ ဖြစ်သည်။ ထိုကြောင့် သင်တော်သော နေရာတစ်ခုကဖြင့် လိုအပ်လာသည်။ တပိုင်အတွက် နေရာကောင်းတစ်ခုကို ရှာဖွေပေးရပေမည်။

"စကားမစပ် ဝါးတွေလည်း လိုအပ်တယ်"

"တပိုင် မင်း ဗိုက်ဆာနေပြီလား။ ငါ အပြင်ထွက်ပြီး မင်းအတွက် ဝါးနည်နည်း သွားဝယ်ပေးမယ်။ နေဦး"

သူက လက်ကို ဆန့်ထုတ်လိုက်ရင်း တပိုင်၏ အမွှေးဖွားလေးများ ပြည့်နေသော ခေါင်းကို အသာပွတ်သည်။ တပိုင်က မျက်လုံးကို မှိတ်ပြီး လှဲကာ ဇိမ်ခံနေကြောင်း မြင်လိုက်ရ၏။ အချိန်အနည်းငယ် ကြာသောအခါ ဟောက်သံကို ကြားရသည်။

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Where stories live. Discover now