အပိုင်း(၂၉)
"ရပ်စမ်း"
"ငါ့ရဲ့အိတ်"
ဆုပိုင်က ဒေါသတကြီး အော်ပြီး လက်ထဲတွင် ကိုင်ထားသော တုတ်နှင့်လှမ်းပစ်သည်။
ဘန်း
ထိုအကောင်လေးကို ထိမှန်ကာ လဲကျသွားပြီးနောက် ထိုသားရဲကောင်လေးက ကျောပိုးအိတ်နောက်တွင် ပုန်းနေကာ ထွက်မလာတော့ချေ။
"ကွက် ကွက် ကွက်"
"မဟုတ်ဘူး"
ဆုပိုင်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက တဖြည်းဖြည်းချင်း စတင်ကာ နောက်ဆုတ်၏။
ချောင်ချောင်းကို ရှာနေတဲ့အချိန်မှာ ချောင်ချောင်းက ရောက်လာတာပဲ။ သူ အခုလေးတင် ပျားရည် ခွေးတူဝက်တူ အကြောင်းကို ပြောနေသေးတယ်။ ဒီအကောင်က သူ့ရဲ့ကျောပိုးအိတ်ကို ဆွဲပြေးသွားတာတဲ့လား။
"ဒါက အလျင်စလို မလုပ်နဲ့နော်။ အရမ်းကြီး စိတ်မလှုပ်ရှားနဲ့"
ဆုပိုင်က အမြှီးကို မြှောက်ထားပြီး သုန်မှုန်အမှု ရှိနေသော မျက်ဝန်းမျိုးဖြင့် ကြည့်လာသည့် ခွေးတူဝက်တူကို ကြည့်ပြီး လက်ကို မြှောက်ကာ အညံ့ခံသည်။ သူက ခပ်တိုးတိုး ဖြောင်းဖျသည်။
"ခေါင်းပြားတာ့ကောရယ် ဒါက ငါ့ရဲ့ကျောပိုးအိတ်ပါ။ ဒီအတိုင်း သဘောကျရင် ယူလိုက်နော်"
"ဘုရားရေ"
"ကွက် ကွက် ကွက်"
"မင်း မျိုးမစစ်ကောင် အသက်ရှင်ရတာ ပင်ပန်းနေပြီလား"
သူက ထိုသို့ ကျုံးဝါးသည့် အသံကိုသာ ကြားလိုက်ရသည်။ ထို့နောက် ပျားရည် ခွေးတူဝက်တူက ကျောပိုးအိတ်ကို ပစ်ချပြီး သုန်မှုန်သော မျက်နှာဖြင့် အရှေ့သို့ ပြေးလာလေသည်။
ဆုပိုင်က နောက်သို့လှည့်ကာ ပြေးသည်။ သူက ထိုနေရာတွင် တစ်ခဏတွင် မရပ်တန့်ရဲချေ။
ဒီကောင်က တအား ရက်စက်တယ်။ နောက်ပြီး သူက နာကျင်မှုကိုလည်း မကြောက်ဘူး။ သူ့ကို သေတဲ့အထိ ကိုက်သတ်သွားလောက်တယ်။ သူ့ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်က ဘယ်လိုနည်းနဲ့မှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။