Part 33

547 118 3
                                    

33 01

အပိုင်း(၃၃)

"တင် ဂုဏ်ယူပါတယ် hostက ပျားရည်ခွေးတူဝက်တူ အပိုင်းအစ တာဝန်ကို အောင်မြင်စွာ လုပ်ဆောင်လိုက်နိုင်ပါပြီ"

"တင် ဂုဏ်ယူပါတယ် hostက ပျားရည်ခွေးတူဝက်တူကို အောင်မြင်စွာ ကယ်ဆယ်လိုက်နိုင်တဲ့အတွက် အားနှစ်မှတ် တိုးတက်သွားပါတယ်"

"တင် host ရဲ့လောကကို ပြန်လည် သွားရောက်နိုင်ပါပြီ။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကလည်း ပိတ်သိမ်းသွားမှာပါ"

"ရေတွက်ချိန်"

ဝေါင်း

ကြည့်

ဆုပိုင်က နောက်သို့လှည့်ကြည့်လိုက်သည့်အခါ သူတို့၏နောက်ဘက်မှ လိုက်မှီလုနီးပါး ဖြစ်နေသော တောလိုက်ကျားသစ်ကြီးကို ကြည့်ရင်း ကြမ်းတမ်းသော ပုံစံ၊ သေရမည်ကို မကြောက်သော သဏ္ဌာန်မျိုးဖြင့် မာန်ဖီနေသည့် ပျားရည်ခွေးတူဝက်တူကို လက်တစ်ဖက်က ဆွဲကာ ထွက်ပြေးနေရသည်။ ထို့နောက် စနစ်က သူ့ကို ပြန်ပို့ပေးမည့်အချိန်ကို စောင့်လိုက်သည်။

ပင်ပန်းလိုက်တာ။

တစ်ရက်တည်းနဲ့_ _ _

သူ ပျားရည်ခွေးတူဝက်တူ_ _ _ ခေါင်းပြားတာ့ကောနောက်ကို လိုက်တာ တစ်ရက်တည်းပါ။ ဒါပေမယ့် အာဖရိကန်တောရိုင်း ပျားအသိုက်ထဲကလည်း ဆွဲထုတ်ရတယ်။ တောလိုက်ကျားသစ်ဆီကလည်း ဆွဲပြေးရတယ်။ သူကသာ လျင်လျင်မြန်မြန် တုန့်ပြန်ပြီး မပြေးနိုင်ခဲ့ရင် သူသေသွားမှာပဲ။ နောက်ပြီး ဒါက တစ်ရက်တည်းပါ။ ဒီခေါင်းပြားတာ့ကောက တော်တော်လေးကို ဆိုးရွားတာပဲ။ သူက တောခွေးရိုင်းတစ်အုပ်ကိုလည်း သွားပြီးရန်စသေးတယ်။ သူ့ရဲ့ဖင်ကိုတောင်မှ အကိုက်ခံရတော့မလို့။

နောက်ပြီး ကြံ့တွေကိုလည်း လိုက်ဖမ်းသေးတယ်။ အဲ့ဒီနောက် သူတို့နောက်ကို ပြန်လိုက်တဲ့ ကြံ့က ကီလိုမီတာနှစ်ဆယ်တောင် ရှိတာ။

ဆုပိုင်က သစ်ပင်တစ်ပင်ပေါ် တက်ပြီး ငှက်အသိုက်ကို သွားတိုးသောအချိန်တွင် ငှက်၏နှုတ်သီးက ကန်းတော့မလို ဖြစ်သွားသည်။ နောက်ဆုံးတွင် တောလိုက်ကျားသစ်နှင့်ဆုံးသည်။ သူက သူ၏အင်အားကို ပြချင်နေ၏။

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Nơi câu chuyện tồn tại. Hãy khám phá bây giờ