အပိုင်း ၁

23.9K 803 3
                                    

''ငါ့ကိုကူညီ​ကြပါဦးဟာငါနင်တို့အတွက်ဒီ

လောက်လုပ်ပေးခဲ့တာတောင် ဘာလို့ငါ့ကို

ဥပေက္ခာပြုရက်တာလဲ''

နေညို သူငယ်ချင်းဖြစ်သူ အိမ်ရှေ့တွင်အော်ဟစ်
နေမိသည်။ ဘဝမှာအနာကျင်ဆုံးအချိန်ကိုပြော
ပြပါဆိုအဆင်မပြေသည့်အခါ အကုန်လုံးကစွန့်
ခွာ ဖယ်ရှောင်ကြတာကိုပဲ။

''နေညိုသွေးမလား...ဟဲ့ကြည့်ပါဦး သတင်းတွေကတကယ်မှန်မယ်ထင်တယ်''

''အေးလေဟယ် စရိုက်ကိုကြည့်ပါဦးအော်ဟစ်သောင်းကျန်းနေလိုက်တာ''

''ဟဲ့ဓာတ်ပုံရိုက်ထားစမ်း''

နေညို ထိုအသံတို့ကိုကြားနေရသည်။ဝတ်ထား
တဲ့hoodie အနက်ရောင်ကခေါင်းစွပ်ကိုစွပ်၍ ကားပေါ် အမြန်နှုန်းနှင့်ပြေးတက်လာခဲ့သည်။

''ဘာလို့ငါ့ကိုပဲအပြစ်တင်ကြတာလဲ ဘာလို့ငါမှလဲ''

ကားစီယာတိုင်ကိုလက်ဖြင့် ထုနှက်ပြီးဝမ်းနည်းမှုကကြီးစိုး၍ငိုမိတော့သည်။ ဘယ်လောက်ယောကျာ်းအရင့်မာတစ်ယောက်ဖြစ်နေပါစေဦးတော့ နေညိုဟာ ၅နှစ်ဆက်တိုက်လူတွေချစ်တာခံခဲ့ရတဲ့အနုပညာရှင်တစ်ဦးပေါ့တိပေါ့ပျက်လုပ်မိသည့်ကိစ္စတစ်ခုကြောင့် ယခုလိုဘဝသို့ရောက်ရှိလာခြင်း။

အားလုံးရဲ့အစက သီချင်းတစ်ပုဒ်ကြောင့်ပါပဲ... နေညို မအောင်မြင်ခင်က အစ်ကိုတစ်ယောက်လိုခင်မင်ခဲ့ရတဲ့ သီချင်းရေးဆရာတစ်ယောက်နှင့် Bar တစ်ခုမှာဆုံခဲ့သည်။ထိုသူနှင့်သီချင်းအကြောင်းတွေပြောရင်းနိုဝင်ဘာလတွင်နေညိုသီချင်းတစ်ပုဒ်ထွက်မှာဖြစ်ကြောင်း ငြိမ့်ငြိမ့်လေးနှင့် deep သည့်သီချင်းတစ်ပုဒ်လိုချင်ကြောင်း ပြောတော့ ထိုသူက သူရေးထားသည့်သီချင်းတစ်ပုဒ်ကိုနေညို့ဆီပေးလာ၏။

'မင်းကြိုက်ရင် မင်းအပိုင်ပေါ့'ဆို၍လက်ဆောင်ပေးခဲ့သည့်သီချင်းကို နေညိုယူခဲ့မိသည်။ထိုသီချင်းကို နေညိုအသံမသွင်းခင် ထိုလူအား သီချင်းကိုအသံသွင်းတော့မှာဖြစ်ကြောင်းနဲ့ စာသားတွေကြိုက်၍အလကားမလိုသောကြောင့် အနုပညာကြေးယူရန်Telegram appက​နေပြောခဲ့သော်လည်း နေညို့အား 'အချင်းချင်းပဲ'ဟုပြောကာနေညိုပေးသည့်အနုပညာကြေးကိုလက်မခံခဲ့။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now