အပိုင်း ၁၁

6.8K 522 6
                                    

ဆက်ထင် အင်္ဂလိပ်ဘာသာနှင့်ရေးထားသည့် စာအုပ်တစ်အုပ်အား ကျွန်းဆက်တီပေါ်တွင် အာရုံစူးစိုက်စွာဖြင့် ဖတ်နေ၏။ သို့သော်အာရုံကစာအုပ်တွင်ရှိမနေဘဲ ဆက်ထင်အရှေ့ရှိ ရှိုးကစ်ဗီဒိုထဲမှပစ္စည်းတို့ကိုသန့်ရှင်းရေးလုပ်နေသည့်ခတ္တာဆီသို့ရောက်နေ၏။ခတ္တာကတော့ သူ့အလုပ်သူ တစိုက်မတ်မတ်နှင့်လုပ်နေပြီး ပစ္စည်းများကိုရေစိုအဝတ်နှင့်ပြောင်လက်နေအောင်သုတ်ပြီးဗီဒိုအတွင်းပြန်ထည့်သည်။

တယောသံလွင်လွင်ဟာ ဓာတ်စက်ကနေ တစ်အိမ်လုံးကိုလွှမ်းချုံထားသည်။ အနှီကောင်လေးဟာ တူရိယာသံများကိုနှစ်သက်သည့်ပုံပင်။

တခြားအချိန်ဆိုအိမ်ကြီးထဲဝင်၍သန့်ရှင်းရေးမလုပ်သော်လည်း ဆက်ထင် တူရိယာသံစဥ်များသီးသန့်ရှိသော ဓာတ်ပြားကိုဖွင့်ချိန်တွင်ထိုအသံကိုကြား၍ သံရေပုံးနှင့်အဝတ်တစ်ခုကိုယူကာ အိမ်အတွင်းသို့ ပျော်ရွှင်စွာဝင်လာတတ်သည်ကိုဆက်ထင်သတိထားမိ၏။

အခုလည်းခေါင်းလေးတလှုပ်လှုပ်နှင့် တယောသံအားနားထောင်ရင်းအလုပ်အပေါ်အာရုံစိုက်နေသည်။ဘာကြောင့်များခတ္တာရဲ့အမူအရာတစ်ခုချင်းစီတိုင်းကို ချစ်ဖွယ်ကောင်းသည်ဟုခံစားမိနေလဲစဥ်းစားမရ။အရယ်အပြုံးမရှိသည့်ဆက်ထင်အား ထိုကောင်လေးက ခဏခဏပြုံးမိအောင်လုပ်နိုင်စွမ်းရှိသည်။

''မောင်ခတ္တာ''

''ခ​ဗျာ''

''ကျုပ်အနားခဏလာခဲ့ချေ''

ဆက်ထင်စကားအဆုံးလက်ထဲကအရာများကိုအလျင်အမြန်ချ၍ လက်နှစ်ဖက်အား လုံချည်တွင်သုတ်ကာ ဆက်ထင်နားအမြန်နှုန်းနှင့်ရောက်ချလာသည်။

''ဘာခိုင်းစရာရှိလဲခဗျ''

''မရှိဘူး ခုံမှာထိုင်''

ဆက်ထင် မျက်စောင်းထိုးကခုံဘက်သို့ မျက်စာပစ်ပြတော့ ခတ္တာက ခုံတွင်ဝင်ထိုင်၏။

''မောင်ရင်ကောလိပ်တက်ရတော့မှာသိသလား''

''ဟုတ်ကဲ့ခဗျ ဘထွေးပြောလို့သိပြီးပါပြီ''

''ဟုတ်ပြီ ဘယ်ဘာသာရပ်ကိုယူဖို့စဥ်းစားထားသလဲ''

ခတ္တာက စဥ်းစားနေဟန်နှင့်ခဏတာငြိမ်သက်သွားပြီးနောက်ဆက်ထင်အားကြည့်၍။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now