အပိုင်း ၂၁

6.2K 468 9
                                    

''ထားဖြင့် ပြန်တွေ့ရတာသိပ်ဝမ်းသာတာပဲ
ဟင်းဟင်း''

ရှက်သွေးဖြာစွာနှင့်ပြောလာသည့်ရယ်သံသဲ့သဲ့စကားသံကိုဆက်ထင်ကြားနေရ၏။ သို့သော်ဆက်ထင် သူမအား အခုထိမျက်လုံးချင်းမဆိုင် အကြည့်တို့အားတခြားသို့ပို့ထားလိုက်သည်။

''သွားရေးလာရေးဘယ်လိုစီစဥ်ထားသလဲထားထားခင်''

''အမှန်တိုင်းပြောရရင်ဖြင့် ထားဒီ့အတွက်ဘာမှမစီစဥ်ရသေးဘူး''

''အိမ်မှာကားရော ဒရိုင်ဘာရောရှိပါရဲ့ လိုအပ်ရင်လိုက်ပို့ခိုင်းလို့ရပါတယ် အခန်းကတော့အောက်ထပ်မယ် ကျုပ်ပြင်ပေးခိုင်းထားတယ် မေရီကတော့နောက်နေ့မှရောက်ပါလိမ့်မယ် ထားထားခင်အဖော်ရအောင်လို့ ကျုပ်ခေါ်ထားလိုက်တယ်''

ဆက်ထင်ရဲ့စကားအားလုံးကို ထားထားခင်ကခေါင်းတငြိမ့်ငြိမ့်နှင့်နားထောင်လျက် 'ကျေးဇူးတင်ပါတယ်'ဟုပြောသည်။

အဆက်ဟောင်းနှင့်ဒီလိုမျိုးပြန်ဆုံရသည့်တွက်ဆက်ထင်တွက် နေရခက်သည့်အခြေနေဖြစ်နေပေမယ့်ထားထားခင်ဟာပေါ့ပါးစွာဘာမှမဖြစ်သလိုပင်။ ရည်းစားဦး မြေးဦးရအောင်မမေ့ဟူသည့်စကားအတိုင်း ကောင်းသောမမေ့ခြင်းတော့မဟုတ်ခဲ့ ဆက်ထင်သာသိခဲ့ရသည့် သူမရဲ့အကျင့်စရိုက်ကြောင့်ဖြစ်၏။ ပတ်သက်မိခဲ့တာနောင်တရလားလို့မေးခဲ့လျှင်'ရတယ်'ဟုသာမဆိုင်းမတွပြန်ပြောလိုက်ချင်အောင်အရင်အချိန်တို့အားမှတ်ဉာဏ်ထဲမှဖျောက်ပစ်လို့ရပါကဖျောက်ပစ်ချင်ပါရဲ့။

ထို့နောက်ကြွေခွက်နှစ်ခွက်ထည့်ထားသည့်ဗန်း​လေးကိုကိုင်၍ ဧည့်ခန်းတွင်းရောက်လာသည့်ခတ္တာကြောင့် ရှုပ်နေသည့်ဆက်ထင်စိတ်တို့မှာတစ်ခဏအတွင်းကြည်လင်သွား၏။ကျောင်းကပြန်လာပုံရ၍အပြာနုရောင်လက်တိုအင်္ကျီလေးအား ပုဆိူးနှင့်တွဲဖက်ဝတ်ဆင်ထားသည့်ကောင်​လေးမှာခါတိုင်းထပ်ကိုပို၍နေရောင်လေးလိုလင်းလျက် တောက်ပနေသည်။

''ပြန်ရောက်ပလား ခတ္တာ''

ခတ္တာဟာ ကာဖီခွက်တွေချပေးရင်းဆက်ထင်အားခေါင်းငြိမ့်ပြသည်။

''လာပါဦးကျုပ်အနား''

ဧည့်သည်တွေအားတချက်ကြည့်ကာ ခတ္တာမလာချင်ပုံဖြစ်နေပေမယ့်ဆက်ထင်ကိုလဲမလွန်ဆန်နိူင်ပုံနှင့်အနားကိုတိုးလာသည်။ ဧည့်သည်တွေရှိလဲဘာအရေးမလို့ ဆက်ထင်ဂရုစိုက်ရမလဲ မကျေနပ်ရင် ​​ပြန်သွားကြပေါ့လေ။

Rebirth As Khattar (ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)Completed Where stories live. Discover now